အပိုင်း(၃၉)

Start from the beginning
                                    

"မောင်သိလား....ကိုယ်အတွက် အချစ်ဆိုတာ ဘာလဲလို့မမေးနဲ့မသိဘူး၊ ကိုယ်အသက်ရှင်ရတဲ့အကြောင်းပြချက်ကတော့ မောင်ဖြစ်နေလို့၊ မောင် ဖြစ်ချင်တာ မောင် အလိုရှိတာ ဘယ်အရာမဆို ကိုယ်က ဖြည့်ဆည်းပေးမှာ သိလား...အဓိက ကိုယ့်အမျိုးသားလေး အဆင်ပြေဖို့ပဲ....အ....အွင်းးးးးး"

"...အွင်း.....အွန်း....ပြွတ်စ်...ခင်များကြပ်ကြပ် ကျုပ်ကိုအလိုလိုက် ၊တစ်ပတ်လောက် နေမကောင်းဖြစ်တာ ပြန်တွေးအုံး ..ပြွတ်စ်...မောင်လည်း အရမ်းချစ်တယ်...အစ်ကို အချစ်ကိုမမှီတောင် မလျော့သော ချစ်ခြင်းတွေနဲ့ ချစ်တာပါ အစ်ကို...ပြွတ်စ်....."

မောင်...က လူကြမ်းကြီး...ချစ်လို့အလိုလိုက်ပေးလည်း ကျေးဇူးမတင်ဘူး။ ချစ်လို့ ဆိုပြီး နှစ်ဦးသဘောတူ ချစ်မိကြပြီးရင် တစ်ပတ်လောက် ကျွန်တော်ဖျားတော့တာပဲ။ ဒါ ပထမဆုံးမဟုတ်သော မောင် အချစ်ကြမ်းချိန်တိုင်း ရသောကျွန်တော် အချစ်ခံဝေဒနာ...။ ကိုယ် ရဲ့ချစ်သောသူကပေးသော လက်ဆောင်မို့နာကျင်လည်းဖြစ်တယ်၊ တယုတယ ပြုစုပေးမယ့် မောင်က ကိုယ့်အနား ၂၄နာရီ ကပ်ပြီးအချိန်ပြည့် ပြုစုပေးတာ ခံယူရတယ်လေ ။ ချစ်တယ် ကိုယ့်လူဆိုးလေး
မောင်ကို။

————————————————————————————————

(.......)

ဝုန်းးးးးးးးးးးးးးးးး

"ထက်ပိုင်.....ငါ့ကလေးငယ် ဘယ်မလဲ......ငါ ......ငါ့ကလေး ဘယ်နေရာမှလဲ......"

" အစ်ကိုထက်ပိုင်.....ငကောင်း....ဘယ်မလဲ...."

"အေး...ဖြေပါ့မယ်..ခဏ ထိုင်ကြပါအုံး...၊ ရိပ်က ခဏနေ လာမှာ..ရိပ်ပြောပြလိမ့်မယ်....စိတ်အေးအေးထားကြပါကွာ...."

ရိပ်ရဲ့စီနီယာ တစ်ယောက်နှင့် မနေ့က ပွဲတစ်ခုမှာ အမှတ်မထင်တွေ့ဆုံမိကြသည်။ ဆရာဝန်တွေ ဆိုတော့ ကိုယ့်လူနာ၊ သူလူနာအကြောင်း ပြောရင်း ထူးဆန်းတဲ့ M-preg အကြောင်း ပြောမိကြသည်။ ရိပ်ရဲ့စီနီယာ Dr. တည်မြဲ ရဲ့ အသိမိတ်ဆွေ တစ်ယောက်က m-preg ဆိုတာ အမှတ်မထင် စကားကျွံလာခဲ့တယ်။သူ့စကား ပြန်ထိမ်းတာ နောက်ကျသွားပြီ၊ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမူ နောက်ကျတဲ့ နိုင်ငံမို့ ထူးဆန်းတာကို ဖုံးကွယ်မရဘူး ။အမျိုးသားကိုယ်ဝန်ဆောင်တယ်ဆိုတာ လူအများအံ့ဩဖွယ်ရာထဲက ဆရာဝန်တွေကြား ရိပ်က ထူးဆန်းစွာဖြင့် စီနီယာအစ်ကို ကို သိလိုသမျှ သိနိုင်ဖို့ လမ်းကြောင်းရှာမေးမြန်းခဲ့တယ်။ အမည်ဘယ်သူဆိုတာကလွဲ ပြည်ပ နိုင်ငံမှာ ပညာသင်စဉ်ကတည်း ကိုယ့်မောင်နှမလို ရင်နှီးခဲ့သူတွေမို့ Dr.တည်မြဲ ဆီက နေ ကောင်းပြည့်ဆိုတဲ့ အမည်ကလွဲတစွန်းတစသော သတင်းကောင်းကို ရိပ်က ရခဲ့တယ်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now