ကလေတန်ဆီမှာလဲ ပုလဲသရဖူမရှိဘူးဆိုတာ မာလေသိသည်။ ဒါ့ကြောင့်လည်း တန်ပြန်မေးခွန်းကို မာလေက ပြန်မေးလိုက်သည်။

" မင်းဆီမှာရောရှိလို့လား ''

" မိုင်လီ ''

ကလေတန်က မာလေရဲ့ မေးခွန်းကို ပြုံးပြုံးလေးတုံ့ပြန်ကာ မဖြေဘဲ ရေသူတစ်ယောက်၏ နာမည်ကိုခေါ်လိုက်၏။

မာလေက ကြောင်တောင်တောင်ဖြစ်သွားသော်လည်း မျက်မှောင်ကျုံ့ကာ ကြည့်နေဆဲပင်။

" ....''

အားလုံးသည်လည်း စိတ်ဝင်တစားဖြင့် ကြည့်နေကြပြီး ခဏအကြာမှာ ရေသူတစ်အုပ်ကြီးထဲမှ အမြီးအနက်ရောင်နဲ့ သွယ်လျသော ရေသူမတစ်ယောက်ထွက်လာသည်။

ရေသူမျိုးနွယ်က အသက်ဘယ်လောက်ကြီးကြီး မအိုသွားဘူးဆိုတာအမှန်ပင်ဖြစ်ကြောင်း မိုင်လီက သက်သေပြနေသည်။

လော်ရာနဲ့ဟူဂိုက မိုင်လီဖန်ဆင်းပေးထားသောအမြီးအစိမ်းရောင်လေးတွေနှင့် ရေသူအုပ်ထဲမှာ ရှိနေခဲ့တာဖြစ်သည်။

မိုင်လီက ရှေ့ထွက်လာပြီး ကလေတန်အားအရိုအသေပေးကာ မာလေကို ကြည့်လိုက်သည် ။

သူမသည်လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ မှော်ဂါထာတစ်ခုကို နူတ်ကနေပွစိပွစိရေရွတ်နေပြီး အချိန်အနည်းငယ်ကြာပြီးနောက်မှာ...

သူမ၏ အညိုရောင်ဆံပင်ခွေခွေလေးက တလွင့်လွင့်နဲ့တဖြည်းဖြည်းရှည်လာသည်။

သူမ၏ ဆံပင်တွေသည် နဂိုအတိုင်း ရှိသည့်ဆံပင်ကျောလယ်လောက်မှ ပြတ်ကျသွားပြီး ဝဲတစ်ခုကဲ့သို့ ရစ်ခွေသွားတော့သည်။

ထိုဆံပင်တွေမှ တဆင့်ဆင့်နဲ့ သရဖူတစ်ခုပုံစံဖြစ်သွားပြီး အလွန်တောက်ပသည့် ပုလဲတွေနဲ့ တန်ဆာဆင်ထားသည်။

" အရှင်မင်းကြီးကို ဆက်သပါတယ် အရှင်မင်းကြီး၏ ပုလဲသရဖူကို ပြန်လည်လက်ခံပါလော့..''

ကလေတန်၏ ဦးခေါင်းထက်မှာ ပုလဲသရဖူအား နေရာယူပြီး အလင်းတန်းတွေလည်းဖြာထွက်လာ၏။

ရှောင်းကျန့်က တွေးနေမိသည်။
ဇာတ်လမ်းတွေထဲကလို Effects တွေနဲ့ Edit တာမဟုတ်ဘဲ လက်တွေ့က သောက်ရမ်းမိုက်တာကွ..ဆိုတာပဲ ။

Peculiarly System [Completed ]Where stories live. Discover now