အပိုင်း ( ၆ )unicode

60 12 2
                                    

"စိတ်မပူနဲ့..။ ကိုယ်တစ်ယောက်လုံးရှိတယ်..။"

Lucas လက်တစ်ဖက်မှ၀ိုင်ပုလင်းကိုကိုင်ထားသလို၊ ကျန်လက်တစ်ဖက်သည် ကြီးမားသည့်အပေါ်ထပ် အနွေး ထည်၏ အိပ်ကပ်ထဲမှာဖြစ်သည်။ ထိုအိတ်ထဲ၌ သူ့ဆုပ်ကိုင်ထားသည့်ခပ်နွေးနွေးအငွေ့အသက်တစ်ခုကိုဖြင့် သူမှလွဲ၍ မည်သူမျှမသိနိုင်ပေ။

သူတို့နှစ်ဦး မြို့လေး၏ပွဲတော်ကျင်းပရာ ဘုရားကျောင်းသို့ ဦးတည်လျှောက်လမ်းနေခြင်းပင်။

ဘုရားကျောင်း၀န်းထဲသို့ ၀င်လိုက်သည်နှင့် လူအများစုရုံးကာ အလုပ်များနေကြသည်ကို တွေ့ရသည်။ မနက်ဖြန် ပြိုင်ပွဲကျင်းပမှာ ဖြစ်သလိုပွဲတော်ရက်လည်းဖြစ်၏။ သူတို့၀င်လာသည်ကို တစ်ယောက်မှမြင်သွားကာ အချင်းချင်း လက်တို့ ရာမှ အားလုံး၏အာရုံများသည် သူတို့ထံကျရောက်လာသည်။

Ivan လူအများမှသူ့ကိုမမြင်သည့်တိုင် ထိုအကြည့်များကြောင့် အနည်းငယ်အနေကျုံ့မိသလိုခံစားရ၍ Lucas လက်ကို ခပ်တင်းတင်းလေးဆုပ်ထားမိသည်။ Lucas က ၀ိုင်ပုလင်းကို အရင်လိုဘယ်သူမှမရှိသည့်အချိန်ထက် လူအများရှိ သည့်အချိန်ပေါ်ပေါ်ထင်ထင်သွားထားမည်ဟုဆိုလာသည်။ သူ့ကိုလည်း Lucas နှင့်အတူလိုက်ခဲ့ရမည်ဟုဆိုသောကြောင့် ပါလာခြင်းပင်။

"ဟေး မောင်ရင် ရောက်လာတာအတော်ပဲ။ ပြီးရင်..ပွဲတော်ရက်အတွက် ကလေးတစ်ယောက်ကို မောင်ရင့်ကို သွား ဖိတ်ခိုင်းမလို့ ...။"

"ဟုတ်ကဲ့ ဦးကြီးတို့ အလုပ်များနေတယ်ထင်တယ်..ကိုယ် ဒါလေး လာပို့တာ..။"

Lucas စပျစ်တောင်ကြားကိုစရောက်စဥ်ပထမဆုံးဆုံခဲ့သည့် ဦးလေးကြီးသည် ယခုဆို အတော်အသင့် ရင်းနှီးနေပြီ ဟုပြောလို့ရသည်။ သူ့ကိုမြင်သည်နှင့် လှမ်းနှုတ်ဆက်သောကြောင့် လက်ထဲမှ အသင့်ပါလာသည့် ၀ိုင်ပုလင်းကိုမြှောက်ကာ ပြောလိုက်သည်။

" Ivanya ( အိုင်ဗန်ယာ ) ..။"

အံ့သြစွာရေရွတ်လိုက်သည့် ထိုဦးကြီးကြောင့် Lucas ပြုံးလိုက်သည်။ အိုင်ဗန်ယာ ၀ိုင်၏နာမည်ဖြစ်သည်။ ဘုရားသခင်ဖန်းဆင်းပေးတော်မူသည်ဟု အဓိပ္ပာယ်ရသည်။ တစ်နည်းအားဖြင့် ၀ိုင်၏အရည်အသွေးကောင်းမွန်ခြင်းကို တင်စားသည့်အနေဖြင့် Ivan ဖခင်မှထိုနာမည်ကိုပေးခဲ့ခြင်းဖြစ်သည်။

Magical LoveWhere stories live. Discover now