အပိုင်း ( ၄ ) zawgyi

Depuis le début
                                    

ထူးခြားချက်မှာ ထိုအချိန်ရောက်တိုင်း မှောင်ဝင်စံအိမ်ကြီး၏ဝိုင်နီသည် ပြိုင်ပွဲဝင်သည့်နေရာသို့ထူးဆန်းစွာ ရောက်ရှိနေတတ်သည်မှာယခုချိန်ထိ အလေ့အထတစ်ခုလိုပင်ဖြစ်နေ၏။ စပျစ်တောင်ကြားမှ အကောင်းဆုံးအရည် အသွေးကိုရွေးထုတ်ပြီး မြို့သို့တတ်ကာပြိုင်ပွဲဝင်ကြခြင်းဖြစ်သည်။

စပျစ်တောင်ကြား၏ချစ်စရာ့ ဓလေ့တစ်ခုမှာ ပြိုင်ပွဲဝင်မည့် အရည်သွေးကောင်းကိုရွေးချယ်ပြီးနောက် ကျန်သည့် သူများသည်လည်း အသီးများနှင့်ဝိုင်များကို အတူတကွ မြို့ကြီးပေါ်သို့ တစ်စီတစ်တန်းကြီး သွားရောက်ရောင်းချခြင်း သည် ပျော်စရာဓလေ့တစ်ခုဖြစ်သည်။

ခရစ်စမတ်ပွဲတော်မှသည် နှစ်သစ်ကူးသည်အထိ ထိုမြို့ကလေးသည် အားလပ်ရက်များကဲ့သို့ အလုပ်များအားလုံး ရပ်နားကာ အနားယူကြသည့် အချိန်အခါများ ပင်ဖြစ်သည်။

"လူချောလေး အဲ့မှော်စံအိမ်ကြီးမှာ မင်းထူးခြားတာ မရှိဘူးလား..။"

"ထူးခြားတာ.. ဘယ်လိုမျိုးလဲ...။"

Lucas သံယောင်လိုက်ကာ မသိသလိုပြန်မေးလိုက်၏။ ဈေးသည်အဒေါ်ကြီးနှင့်တကွမြို့ခံလူများအားလုံး စံအိမ် ကြီးအကြောင်းကိုသိချင်နေကြသည်ကို Lucas ကောင်းစွာသဘောပေါက်သည်။ သူတို့ပြောသည့် ဝိုင်ကိစ္စကိုဖြင့် သူမသိ။ ပြန်ရောက်မှ Ivanကို မေးကြည့်ဖို့ တွေးလိုက်၏။

"လူချောလေးကိုကြည့်ရတာ အဆင်ပြေနေပုံပဲဆိုတော့.. ထူးတော့ထူးဆန်းသား..။အဲ့လူမရှိတော့တာ အရမ်းနမြောဖို့ ကောင်း တယ်။ အင်း.. ဒီနှစ် ဝိုင်ပုလင်းကိုစောင့်ကြည့် ရဦးမှာပေါ့..။"

တွေးတွေးဆဆဖြင့် နမြောတသဖြစ်ဟန်ပြောနေသည့် အန်တီကြီးစကားကို Lucas ခေါင်းအသာငြိမ့်ကာ နား ထောင်နေလိုက်၏။ စကား နည်းရန်ဆဲဆိုသလို စကားနည်းနည်းပြောခြင်းဖြင့် အမှားနည်းအောင်ဖြစ်သည်။သူ့ဖက်မှ ဘာမှ ထပ်မပြော၍ ထိုအန်တီကြီး ဆီမှလည်း မေးခွန်းများထပ်မလာတော့ပေ။

ပုံမှန်တစ်ပတ်စာထက် ပိုဝယ်ခဲ့ရ၍ ဆိုင်ကယ်နောက်တောင်းကြီးထဲ၌ ပစ္စည်းများအပြည့်။ စံအိမ်ကြီး၏ နောက် ဖက်ထိ Lucas ဆိုင်ကယ်ကိုမောင်းသွားလိုက်သည်။ ဆိုင်ကယ်ကိုရပ်ကာပစ္စည်းများ အိမ်ထဲသွင်းပြီးသည်အထိ Ivan၏ အရိပ်အယောင် အသံဟုပြောလျှင်ပိုမှန်မည် မကြားရ၍ အနည်းငယ်ထူးဆန်းသွားမိသည်။

Magical LoveOù les histoires vivent. Découvrez maintenant