အခန်း(၁၃)

Start from the beginning
                                    

လုရှန်းကျင်က တစ်ဖက်သူ၏ပြောစကားကို စောင့်နေသည်။ ခြေထောက်ကိုချိတ်ထားကာ ဆိုဖာနောက်သို့ ခေါင်းမှီထားလိုက်ပြီး တစ်ခါတစ်ရံ သူ့ရဲ့သားရေဖိနပ်ဖြင့် ကြမ်းပြင်ကို စိတ်မရှည်စွာ ထိခတ်နေသည်။

'အိမ်ကနေ ထွက်ပြေးတယ်။ ' ယုန်ငယ်လေးက အရွယ်ရောက်လာပြီပဲ။

ဖုန်းပြောနေခြင်း၌ ရှည်ကြာသောတိတ်ဆိတ်မှုတစ်ခု ရှိနေပြီး လုရှန်းကျင်က အခုချိန်အလုပ်အားနေတာကြောင့် ဒီထက်ပိုတဲ့ စိတ်ရှည်မှုကို ယန်ယိထံ သူပေးနိုင်သည်။

Timothy hay(မြက်) အဖာသုံးဆယ်က ဆိုဖာဘေးရှိကြမ်းပြင်တွင် အထပ်လိုက်ရှိနေသည်။ ဒီမြက်အမျိုးအစားရဲ့ နာမည်ကို အရင်က သူမသိခဲ့ပေမယ့် (တိရိစ္ဆာန်)စတိုးဆိုင်မှ ဝယ်လာသည့် ယုန်စာဖြစ်သည်' ဟူ၍တော့ သူ့လက်ထောက်ဆီမှ ကြားသိခဲ့ရသည်။

အချိန်တိုအတွင်း ယန်ယိကို သူ ပြန်လာစေချင်ပြီး လက်ဆောင်ပစ္စည်းကို အံ့အားသင့်စွာကိုင်ထားရင်းမှ ကျေးဇူးပါ ' ဟု ပြောလာမည်ကို သူ မြင်တွေ့ချင်သည်။ ထိုကဲ့သို့သော အမူအရာကိုမြင်တဲ့အခါ လုရှန်းကျင်ရင်ထဲ စိတ်အေးမှုကို ခံစားရသည်။

ကြာရှည်စွဲမြဲတည်တံ့နေခဲ့တဲ့ ခံစားချက်တွေက လမ်းခွဲပြီးနောက်မှာ ပျောက်ကွယ်သေဆုံးသွားမလား' သူ မပြောနိုင်ပေ။ သို့ပေမယ့် ယန်ယိကိုမြင်တဲ့အချိန်တိုင်း ယန်ယိကိုယ်ထဲမှာရှိတဲ့ သန့်ရှင်းသော A3 ကလင်း သွေးအကြောင်းကို စဉ်းစားမိပြီး သူ့နှလုံးသားထဲက ပစ်ပယ်ခြင်းကို မလွန်ဆန်နိုင်ဘဲ ယန်ယိကို ရက်စက်စွာပင် ထွက်သွားစေချင်ခဲ့သည်။

'မင်းရဲ့ကိုယ်ပိုင်ဘဝနဲ့ မင်းနေပါ။'

'သို့ပေမယ့် ယန်ယိထွက်သွားတဲ့အချိန်မှာ ယန်ယိအကြောင်းမတွေးဘဲ မနေနိုင် ဖြစ်ခဲ့သည်။'

ယန်ယိ၏ပြိုလဲကျလုမတတ် ငိုကြွေးနေရင်း ' ဘာလို့ ငါ့ကို သဘောမကျတော့တာလဲ ' ဟု မေးလာသည်ကို ကြားလိုက်ရတဲ့ အချိန်မှာ သူ့နှလုံးသားက သိပ်ကိုနာကျင်သွားရသည်ကို ဝန်ခံသည်။ ' ထိုယုန်လေးက ဘယ်သူ့ကိုမှ တောင်းပန်ရိုကျိုးခြင်း မပြုခဲ့ဘဲ သူ့ကိုသာ တစ်ကြိမ်မကာ တောင်းပန်ခယစေခဲ့သူ ဖြစ်သည်။ သူ့ရဲ့ခေါင်းကို ငုံ့ထားပြီး အရင်တုန်းက ကြားခဲ့ရသလို တိုးလျှိုးတောင်းပန်နေသံနှင့် အက်ရှအားနည်းနေသောအသံကို ဘယ်တော့မှ ထပ်နားမထောင်လိုတော့ပေ၊

You've reached the end of published parts.

⏰ Last updated: Jun 19, 2022 ⏰

Add this story to your Library to get notified about new parts!

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Where stories live. Discover now