အပိုင်း (၃၈)

Start from the beginning
                                    

အချိန်ကြာကြာငေးမိရင် စိတ်လွတ်ပြီး ကုတင်ပေါ်ကဆေးသွင်းနေတဲ့ လူနာကို စိတ်တိုင်းကြ ဖက်နမ်းမိလိမ့်မယ် ။နောက်နေ့ ပြည်သူပိုင်သတင်းစာတွေထဲတွေပါလိမ့်မယ် အထူးကုဆရာဝန်ကြီး ဒေါက်တာတည်မြဲ က လူနာကို စိတ်ရှိလက်ရှိ ဖက်နမ်းနေပါတယ်ဆိုတဲ့ သတင်းခေါင်းစဉ်
နှင့် ကျွန်တော်ပုံကြီးကို သတင်းစာထိပ်စည်းမှာ စာလုံးမည်းကြီးနဲ့။ သိပ်လှတယ်ကောင်ငယ်လေး...မင်းထက်လှတဲ့လူ၊ မင်းထက်ချောတဲ့လူ၊ လူမျိုးမျိုးကိုတွေ့ဖူးရက် မခုန်စဖူး ခုန်နေတဲ့ ငါ့ရင်ခုန်သံတွေကြောင့် မင်းကသာ ငါ့နှလုံးသားတံခါး ဖွင့်နိုင်သူဖြစ်လိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ချစ်မိတဲ့ကောင်ငယ်လေးက ကိုယ်ဝန်လေးနဲ့ ဗျ ။ ကိုယ်ပဲကံကောင်းသလား၊ ကိုယ်ကံဆိုးသလား ၊ ပွဲမစခင်က လက်နက်ချ ဒူးထောက်ရပြီ။ ပွဲမစခင်က အလံဖြူပြပြီး ရပ်နေရပြီ၊ ဘယ်သူလဲ၊ ဘယ်ကလာလဲ၊ ဘယ်သူ ကာမပိုင်ခင်ပွန်းသည်လဲ၊ ဘယ်သူ့ရင်သွေးလေးကို လွယ်ထားရလဲ၊ ဘယ်နေရာပြန်မလဲ ၊ ဘယ်ကလာသလဲ ကျွန်တော်မသိဘူး။တိတ်ပါတော့ ငါ့နှလုံးခုန်သံတို့ရယ် ငါက မပြိုင်ခင်က၊ ခြေလှမ်းမစခင်ကတည်း က အနီကတ်နဲ့ ဒိုင်ဖယ်ခံထားရသူမို့ အဝေးကနေပဲ ကြည့်ရမယ့်သူမျိုးပါ။ မြိုသိပ်နိုင်စွမ်းအားက ကျွန်တော် ခံနိုင်ရည်ကို စမ်းသပ်စစ်ဆေးတော့မည်။ နှလုံးသားနှင့် ဦးနှောက် သူပြိုင် ၊ငါပြိုင် ယှဉ်ပြိုင်ကြတော့မည်။ ချစ်ခြင်းမေတ္တာနှင့် အသိဥာဏ် ထိမ်းချုပ်စွမ်းအားဘယ်သူကသာမလဲ ။ ကိုယ့်သိက္ခာနှင့် ကိုယ့်အချစ် တပြိုင်နက် အနိုင်ယူ သတ်ဖြတ်ကြလိမ့်မည်။ ငါ့နှလုံးခုန်သံတို့က တိုးတိုးတိတ်တိတ် မရပ်မနား ခုန်စေမြဲ၊ နှလုံးခုန်သံကိုသိက္ခာဖြင့်ထိမ်းရင်း ကိုယ့် အချစ်က အဝေးကငေးရမည့် တိုးတိုးတိတ်တိတ်လေးပါ့လား။

"အဟမ်း..ကောင်ငယ်လေးက ကိုယ့်ဆေးခန်းရောက်နေတာ ကိုယ့်အမည်က ဒေါက်တာ တည်မြဲတဲ့ ၊ ကောင်လေးကရော "

"အော် ...ဟုတ်ကဲ့ဗျ ၊ ကျွန်တော်က ကောင်းပြည့်ဝေလျှံပါ့ဗျ ၊ ဒါနဲ့ ကျွန်တော်ကို ဒီလိုဘယ်လိရောက်နေလဲဗျ၊ ကျွန်တော်ကို ခေါ်လာတဲ့ မမ ..ကရော ဒေါက်တာဗျ "

ချစ်ခြင်းတို့အလွန် Where stories live. Discover now