(၂၀၇) လင်မယား နောက်ဆုံးတော့ ပြန်တွေ့ပြီ

Começar do início
                                    

ပြီးတော့ သူ တစ်ခေါက်ပြန်တွေးကြည့်မိနေတုန်းမှာ ဒဏ်ရာရနေတဲ့ သခင်စုန့် ပြေးလာတာပဲ။ သူ့မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေ အပြည့်နဲ့။ စုန့်ကျောင်းယွဲ့က သူ့ကို တွေ့တာနဲ့ အထဲကလူရဲ့ အခြေအနေကို မေးတော့တယ်။ "ကျွန်တော်လဲ မသိပါဘူး၊ အရှင်မင်းသား အခု သူ့ကို ပြုစုဂရုစိုက်ပေးနေပါတယ်"

"သူ ဒဏ်ရာရလာတာလား"

"အပေါ်ယံဒဏ်ရာ အချို့ပါပဲ၊ ဒါပေမဲ့ ထိတ်လန့်ပြီး မေ့မြောသွားပုံရပါတယ်"

ယွီခွမ်းက စုန့်ကျောင်းယွဲ့ကို တစ်ချက် ပြန်ကြည့်ရင်း ဝင်ပြောလိုက်တယ်။ "မင်း ဘာမှ မကြိုးစားနဲ့တော့၊ မင်းရော ကျုပ်ရော လိုချင်တာကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး၊ အဝေးကနေ... ကြည့်ပေးတာပဲ ပိုကောင်းမယ်" ကျန်းဟူက လူတွေက တစ်ခုဆိုတစ်ခု အရမ်းတွယ်တာတတ်တဲ့လူတွေ။ ဒီစကားတွေ ပြောပြီးတာနဲ့၊ သူ ထွက်သွားတော့တယ်။ ခဏတော့ သူ့ခြေလှမ်းတွေ ရပ်သွားပြီး သမင်လည်ပြန်ကြည့်ကာ လှည့်မေးလေတယ်။ "သေရည်လိုက်သောက်ဦးမလား"

"ကောင်းပြီလေ" စုန့်ကျောင်းယွဲ့ ခါးခါးသီးသီးသာ ပြုံးလိုက်တော့တယ်။ ခြေ သုံလှမ်း လှမ်းပြီးတိုင်း နောက်ကို ပြန်လှည့်ကြည့်လျက်ကပဲ ယွီခွမ်းနည်းတူ ဝမ်းနည်းကြေကွဲမှုတွေကို သေရည်နဲ့ မျှောချဖို့ လိုက်သွားလေတယ်။

လုံဟန့်ကတော့ စိတ်ပူရလွန်းလို့ ချွေးသီးချွေးပေါက်တွေ ပိုးစိုးပက်စက်ကျနေပြီ။ သူ ပိုင်ရှန်းရှို့ ဒဏ်ရာတွေရဲ့ အတိုင်းအတာကို လျှော့တွက်လိုက်မိတာပဲ။ သူမ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေ ဖြစ်နေတာကို။ လုစစ်သူကြီး သူမကို ကြာပွတ် ဘယ်နှချက်တောင် ရိုက်ထားခဲ့သလဲ မသိဘူး။ အချက်တိုင်း သူမ အရေပြားတောင် ပေါက်ပြဲ ကွဲထွက်သွားတာပဲ။ ဒီလောက် ဒဏ်ရာအနက်ကြီးတွေ ရထားတာတောင် သူမက လုစစ်သူကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့သေးသတဲ့လား။ ပြီးတော့ လုပ်ကြံတာလဲ အောင်မြင်တော့မလို့ပဲ။ သေလောက်တဲ့ နေရာကို လွတ်သွားပေမဲ့လဲ သိုင်းမတတ်တဲ့ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လုပ်ကြံဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ လုံဟန့် သိတာပေါ့။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Onde histórias criam vida. Descubra agora