Chapter 61

7K 1.3K 32
                                    


|| Unicode ||

ထုံချေ့ ကျောတစ်ဝိုက်မှ မုဟန်ဖုန်းလက်မှာ ရပ်သွားင်္ပြး အနောက်ကို ပြန်ဆုတ်သွားကာ ထုံချေ့မျက်လုံးတွေထဲကို ကြည့်လာသည်။ "အဆင်ပြေရဲ့လား?

ထုံချေ့ မျက်လုံးများသည် စိုစွတ်နေဆဲဖြစ်ပြီး မုဟန်ဖုန်းက်ို မမြင်စေချင်တော့တာကြောင့် ခေါင်းငုံ့လျက် မျက်တောင် တဖျပ်ဖျပ်ခတ်လိုက်သည်။ ထို့နောက် "ဒါပေါ့" ပြောရန် သူ့ပါးစပ်ကို မဖွင့်ရသေးခင်မှာပဲ မုဟန်ဖုန်း ပြောတာကို သူကြားလိုက်ပြန်သည်။

"မင်း အခု မပြောချင်ရင် မပြောရဘူး။ မင်းရည်းစားက အလျင်မလိုပါဘူး။ ရှောင်မောင်း စကားပြောချင်လာတိုင်း မင်းရည်းစားက အမြဲတမ်း နားထောင်ပေးလိမ့်မယ်"

ထုံချေ့ နှလုံးသားလေးမှာ ပိုပြီး ပျော့ပျောင်းလာကာ ခေါင်းကို ထပ်ခါတလဲလဲယမ်းပြရင်း တိုးတိုးလေး ပြောလာသည်။"ကျွန်တော် အခု ပြောပြဖို့ ဆန္ဒရှိနေတယ်"

မုဟန်ဖုန်းက ခဏလောက် ကြောင်အနေပြီးမှ သူ့မျက်လုံးတွေက ပျော့ပျောင်းလာရလေသည်။ သူက ထုံချေ့လက်ကောက်ဝတ်ပေါ်က အမာရွတ်ကို ဖွဖွလေးထိလိုက်ပြီး လေးလေးနက်နက် ပြန်ဖြေလိုက်ပါ​၏။ "ကောင်းပြီ ကိုယ့်ရည်းစားလေးပြောပြတာကို နားထောင်မယ်"

"တကယ်တော့ ကျွန်တော့်မိသားစုက မရှုပ်နေပါဘူး" ထုံချေ့က ပြောလာခဲ့သည်။ "စာကြောင်းတစ်ကြောင်းတည်းနဲ့ပြောရရင်က ကျွန်တော်ပါပဲ... ဆိုလိုတာက O ထက် A ကို တန်ဖိုးထားတတ်တဲ့ သူတို့ရဲ့ ခံယူချက်သည် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တာ "

သူဟာ "ကျွန်တော့်မိဘတွေ" လို့ ပြောလိုက်ချင်သော်လည်း "သူတို့" ဟု ပြောင်းခေါ်ခဲ့သည်။

ထုံချေ့ နှလုံးသားထဲမှာ ဒီမိဘတွေကို ငြင်းပယ်ခဲ့တာ ကြာပါပြီ။

ထုံနင်ဟာ အရာရှိဖြစ်လောက်အောင် သူမအောင်မြင်တာကို ကံမကောင်းလို့ဟု မှတ်ယူထားပြီး စွန်းရီ ကတော့ သူမဟာOmega ဖြစ်နေတာကြောင့် သူမဟာ သူဌေးတစ်ယောက် မဖြစ်နိုင်ဟု ခံစားရလေသည်။

ကျွန်တော်ကခင်ဗျားရဲ့ ဖယ်ရိုမုန်းကိုပဲတောင့်တရုံလေး  ||Completed||Where stories live. Discover now