prologue (2) (Unicode)အရူးကောင်လီရှန်း

265 33 2
                                    

အရူးကောင်လီရှန်း

ဝူဇယ်ဝမ်းတစ်ယောက် အစားအသောက်အတွက်တန်းစီနေချိန်မှာ တစ်စုံတစ်ယောက်က သူ့ရဲ့ပုခုံးကိုရုတ်တရက် လာပုတ်တာကြောင့် လှည့်ကြည့်လိုက်တော့ သူ့ကိုပြုံးရွှင်နေတဲ့မျက်နှာနှင့် စိုက်ကြည့်နေတဲ့ အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရတယ်။

-- ထိုသူက Physic ဌာနရဲ့အတန်းခေါင်းဆောင်ဖြစ်သလို ဝူဇယ်ဝမ်းရဲ့အရင်းနီးဆုံးသူငယ်ချင်းလည်းဖြစ်တဲ့ လီရှန်းပဲ။

ဝူဇယ်ဝမ်းရဲ့ အမြဲလိုလိုမျက်နှာသေပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပဲ လီရှန်းကတော့ ယောက်ျားပီသတဲ့ပုံစံဖြင့် ရွှင်လန်းတက်ကြွတဲ့မျက်နှာထားမျိုးကို ပိုင်ဆိုင်ထားတယ်။ ထိုသူက အမြဲလိုလို ပြုံးရွှင်နေတတ်ပြီး ကောင်းမွန်တဲ့စိတ်ခံစားချက်တွေရှိနေတဲ့မျက်နှာကို ပုံသေဆင်မြန်းထားတတ်တယ်။ အရာရာကိုအကောင်းမြင်တတ်တဲ့ပုံစံရှိတဲ့ ထိုလူငယ်လေးရဲ့စရိုက်တွေက သူ့ဘေးပတ်လည်ကလူတွေဆီကိုပါကူးစက်စေနိုင်တဲ့ပုံပဲ။ သူက လှုပ်ရှားဆောင်ရွက်ရတဲ့ကိစ္စအများကြီးကို တက်ကြွအောင် လုပ်ဆောင်ပေးနိုင်ပြီး အနေရခက်ပြီး ထူးဆန်းတဲ့အခြေအနေမျိုးတောင် တစ်ခါမှမရှိခဲ့ဖူးဘူး။

သူက ပထမနှစ်ကတည်းက ကျောင်းသားသမ္မကကိုဝင်ခဲ့ပြီး ဒုတိယနှစ်မှာတော့ ကျောင်းသားကလပ်အဖွဲ့အစည်းကိုဝင်ရောက်ခဲ့တယ်။ အဲဒီနောက် တတိယနှစ်မှာတော့ ကျောင်းကော်မတီအဖွဲ့ဝင်ဖြစ်လာခဲ့တယ်။

တက္ကသိုလ်ကျောင်းသားတွေထဲမှာ လီရှန်းလို စိတ်ဝင်စားစရာကောင်းတဲ့လူတွေက ကျောင်းသားအများစုထဲမှာထင်ရှားပေါ်လွင်နေတတ်တယ်။ ဒါပေမယ့် ထိုသူက သစ္စာရှိစွာနှင့် သူ(ဝူဇယ်ဝမ်း)နှင့်အတူ သွားလာစားသောက်နေဆဲဖြစ်ပြီး အချိန်တိုင်းမှာ ဘေလ်ကိုဦးအောင်ရှင်းပေးနေတုန်းပဲ။ သူက မိန်းကလေးတွေ အတွက်လုပ်ဖို့ခက်ခဲတဲ့ ကွန်ပြူတာနေရာရွှေ့တာတွေ ၊ စားပွဲခုံရွှေ့ပြောင်းတာတွေကိုမြင်ခဲ့ရင်လည်း ရပ်ကြည့်မနေတတ်ဘဲ ဝင်ရောက်ကူညီတတ်လေ့ရှိတယ်။

သူ့ရဲ့အရပ်အမြင့်က 1.8မီတာရှိပြီး အရမ်းကိုယောက်ျားပီသတဲ့အသွင်အပြင်ကြောင့် သူ့ရဲ့သူငယ်ချင်းနှင့်ဆိုရင် Yangtze မြစ်ရဲ့တောင်နှင့်မြောက်လိုမျိုးပဲ။
( ET/N- Yangtze မြစ်က တစ်ကမ္ဘာလုံးက နိုင်ငံအတွင်းဖြတ်သန်းစီးဆင်းသွားတဲ့မြစ်တွေထဲ အရှည်ဆုံးမြစ်ပါ )

အင်အားအကြီးဆုံးနတ်ဘုရား [E_sport/online Gaming] (Myanmar Translation) Where stories live. Discover now