ထိုအချိန်တုန်းက ထုံချေ့သည် ငယ်ရွယ်သေးသောကြောင့် နောက်ပိုင်း၌ ဆေးကုသမှုခံယူဖို့ ဆေးရုံသို့ ပို့ခံခဲ့ရသော်လည်း ဖျားနာတာတွေနဲ့ အဆုံးသတ်ခဲ့​၏။

ကိုယ်တိုင်အတွက် နောင်တမရှိတဲ့ ဆယ်ကျော်သက်အရွယ်၌ မိမိကိုယ်မိမိ အနာတရဖြစ်အောင်လုပ်ခြင်းတွေနဲ့ ပူးတွဲခဲ့ပြီးနောက်ပိုင်းတွင် တကယ် ဘာမှထပ်မဖြစ်ခဲ့တော့သည့်တိုင် သူ့အာရုံကြောတွေကတော့ မလွှဲသာမရှောင်သာပဲ ထိခိုက်သွားခဲ့ရသည်။ အချိန်ကြာလာသည်နှင့် လုံးဝပြုပြင်လို့မရတော့ဘဲ အခုလိုဖြစ်လာရတာဖြစ်သည်။

"ဘာဖြစ်လို့...ကောက..." ရှောင်ချီက မသိလိုက်ပါဘဲ မေးလာသည်။

နောက်ပိုင်းတစ်ဝက် ထွက်မလာခင်မှာပဲ ထုံချေ့က သူ့မအား ကြားဖြတ်လိုက်ပြီး ဒီအကြောင်းအသေးစိတ်ပြောရန်အဆင်သင့်မဖြစ်သေးသလို သိသိသာသာ အကြောင်းအရာကို ပြောင်းလဲပစ်လိုက်သည်။ "ငါ့မှာ အသက်မရှင်ချင်တော့တဲ့အချိန်... မဟုတ်ရင် ကိုယ့်ကိုယ်ကို နာအောင်လုပ်ခဲ့တဲ့အချိန်တွေ အများကြီးရှိတယ်ဆိုတာ မင်းမြင်နိုင်တယ်မလား "

ရှောင်ချီ ခေါင်းညိတ်လိုက်သည်။

ထုံချေ့ လက်ကောက်ဝတ်ရှိ အမာရွတ်များမှာ ပုံစံအမျိုးမျိုး ကွဲပြားနေသဖြင့် တစ်ချက်လောက်ကြည့်ရင်တောင်ဘယ်လောက်များသလဲဆိုတာ သူ မရေတွက်နိုင်လောက်သည်အထိပင်။

သေချာသည်ကတော့ ဒဏ်ရာတစ်ခုတည်း ဖြစ်မလာပါချေ။

" ဒါဆို မင်းရော ဘယ်လိုထင်လဲ ? " ထုံချေ့လေသံမှာ အနည်းငယ် နှေးသွားပြီး နူးညံ့လာသည်ဟု ဆိုနိုင်သည်။ "ငါ အခုဘာလုပ်နေတာလို့ မင်းထင်လဲ"

ရှောင်ချီကချက်ချင်းပြန်မဖြေပေးဘဲ ငြိမ်ကျပြီး သေချာစဉ်းစားနေ​၏။

လွန်ခဲ့တဲ့ နှစ်နှစ် သူမ မိဘမဲ့ကျောင်းကို ရောက်ပြီး သိပ်မကြာခင်မှာပဲ ထုံချေ့နဲ့ ဆုံခဲ့ရသည်။

ထိုအချိန်တုန်းက ထုံချေ့သည် နာမည်ကြီးမဖြစ်သေးသော်လည်း မိဘမဲ့ဂေဟာက ကလေးများအတွက် အလှမ်းဝေးတဲ့ဘဝတစ်ခုဖြစ်သော Trainee ဖြစ်နှင့်နေပြီပင်။

ကျွန်တော်ကခင်ဗျားရဲ့ ဖယ်ရိုမုန်းကိုပဲတောင့်တရုံလေး  ||Completed||Where stories live. Discover now