အပိုင်း (၃၆)

Start from the beginning
                                    

"ဟုတ်...အစ်ကို.."

"ဒါဆို မနက်ဖန် မနက် သွားကြမယ်လေ...ထက်ပိုင်တို့ပါလာဖို့ ပြောထားလိုက်မယ် နော် "

———————————————————————-

"လူနာရဲ့အခြေအနေ အရင်ကထက် ပိုကောင်းလာပါပြီ ဥက္ကဌ ၊ ဆက်စောင့်ကြည့်ရဖို့ ရက်အနည်းငယ်လောက်ပဲ ဆေးရုံမှာ နေရမှာပါဗျ ...ခွင့်ပြုပါအုံး"

"ကောင်းပါပြီ.."

"ငါပြောသားပဲ Jackရာ ငါနေကောင်းပါပြီလို့၊ မားမားဆီ ပြန်အုံး ၊ ခဏနေ ထက်ပိုင်လာမယ်ပြောတယ် ငါကိုစိတ်မပူပါနဲ့ ၊ ငါကိုယ်ငါ သတ်မသေပါဘူး စိတ်ချ ငါ့ကလေးငယ်နဲ့ ရင်သွေးလေးကို ပြန်ရှာမှာ ...ခုငါနေကောင်းနေပါပြီ"

"အေးပါ....အဲ့ဒါဆို ငါခဏ အိမ်ပြန်မယ် ကိုလင်းကိုအနားထားခဲ့မယ် ၊ ငါမကြာဘူး ပြန်လာမယ် စားချင်တာ တစ်ခုခုရှိလား "

"ငါ....ငါ တောင်းပန်ပါတယ် Jack ၊ ငါကြောင့်နဲ့ မင်းတို့ လက်ထပ်ပွဲ လုပ်ဖို့ နောက်ဆုတ်ရပြီ....ငါတောင်းပန်ပါတယ် Jack ..."

"မလိုပါဘူးကွာ...ညီအစ်ကိုတွေပဲ...နောက်အချိန်တွေအများကြီးရှိပါသေးတယ်"

Jack ကိုအားနာနေပြီ ကျွန်တော်ကြောင့် သူမြန်မာပြည်ပြန်လာရတဲ့ အကြောင်းပြချက်တချို့ နောက်ဆုတ်ခဲ့ရပြီ။ မားမားနဲ့ ပြသနာ ဖြစ်ပြီး..မားမားစီစဉ်သလိုလက်ခံပါမည်လို့ စကားတစ်ခွန်းပဲပြောပြီး ပြည်ပကို ထွက်သွားခဲ့သည်။ အချိန်ကြာမြင့်လို့ ပြန်လာတော့ လက်ထပ်ကြဖို့သင့်ပြီ၊ Jack ဇနီးလောင်းက ဆရာဝန်ဆိုတာကလွဲ ကျန်တာ ကျွန်တော်ဘာမှမသိခဲ့ရဘူး။ အရင်က ရန်ကုန်မှာ အထိုင်ချနေတာ ၊ ခု နယ်ဘက် အပြောင်းတာဝန်နဲ့ သွားတယ်ဆိုတယ်ဆိုတယ်။ မရီးက ဘယ်လိုလဲ လှသလား ၊ တင့်တယ်သလား ကျွန်တော်မသိဘူး။ ကျွန်တော်မြင်ဖူးသမျှထဲ ကျွန်တော်ရဲ့ ကလေးငယ်ကသာ အလှဆုံး၊ အတင့်တယ်ဆုံး ။ ကျွန်တော် $ သုံးမကျလို့ ကျွန်တော် ချစ်တဲ့သူ နာကျင်ရတာ၊ ကျွန်တော်ဘေးနားက လူတွေ ထိခိုက်ကျေကွဲကြရတာ။ ကျွန်တော်ရဲ့ အမှား။
——————————————————————-

ဝုန်းးးးးးးး

"သေစမ်း..,ခွေးမသား ....မင်းကို သတ်ပစ်မယ်....ခွပ် ~ ခွပ် ..မင်းကိုအရှင်မထားဘူး.."

ချစ်ခြင်းတို့အလွန် Where stories live. Discover now