"နေမကောင်းတဲ့ရက်မှ ဓါတ်လှေကားက လာပျက်နေတယ် ရိပ်ရေ နင်ကတယ်ပဲဝဋ်ကြွေးကြီးတာပဲ......ထက်ကိုဖုန်းဆက်ကြည့်ဦးမှပဲ........"
ငယ်ငယ်တည်းက အမှောင်ကြောက်တတ်သည်မို့ ထက်ကိုသာ အကူအညီတောင်းရမည်။ မနေ့က စောစောအိပ်လိုက်တော့ ဖုန်းအားမသွင်းမိလိုက် ခုမှကြည့်မိတော့ ဖုန်းအားက ၅%သာရှိတော့သည်။ အားကိုးတကြီးနဲ့ ထက်ရဲ့ဖုန်းနံပါတ်လေးကိုနှိပ်လိုပ်သည်။ သတ်မှတ်အချိန်အတွင်း ပြန်လည်မဖြေကြားပါဘူးတဲ့လား....ထက်ရေ....ဖုန်းကိုင်ပါဦး။
ဖုန်းသာ စက်ပိတ်သွားသည်။တစ်ဖက်က ရိပ်ရဲ့မင်းသားလေးကတော့ ဖုန်းမကိုင်ပါ။ရိပ် ချွေးတွေအတော်ထွက်ကာ မူးဝေနေသည်။မျက်လုံးတွေလဲ ပြာလာကာ ထိုင်ချမိလိုက်တော့သည်။
တစ်ဖက်တွင်.....
"ဟင်းဟင်း.......မင်း ပိတ်လှောင်ခံထားရတယ်ဆိုတာ မင်းကြောင့်ငါ့အတိတ်တွေက ငါ့ကိုပိတ်လှောင်ထားတာလောက် မဆိုးသေးပါဘူးကွာ......မင်းစိတ်ချပါ......မင်းကိုသေအောင်တော့ ပစ်မထားပါဘူး........"
မြည်နေတဲ့ဖုန်းသံကို လျစ်လျူရှုကာ ထက် စီးကရက်တစ်လိပ်ကို ဖွာလိုက်သည်။ အတိတ်တွေက ဒီဆေးလိပ်ငွေ့တွေလို အလွယ်တကူ ပျောက်သွားနိုင်တာမှမဟုတ်တာ။
YOU ARE READING
ချစ်သော.......
Romance🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...
Part(11)
Start from the beginning
