အစည်းအဝေးပြီးတာနဲ့ ရိပ်ခုံမှထကာ ထက်ကိုပြောလိုက်သည်။
"ထက်.....ရိပ်နေသိပ်မကောင်းလို့ စောစောပြန်တော့မယ်.....ထက် ကိစ္စရှိသေးရင် လိုက်မပို့နဲ့တော့ ရိပ် တက်စီပဲငှားပြန်လိုက်တော့မယ်......."
ရိပ်တော်တော် ခေါင်းကိုက်နေလို့ အိမ်ပြန်ချင်တာပဲသိတော့သည်။အိမ်ရောက်မှ ဆေးသောက်ပြီး တရေးအိပ်လိုက်တော့မည်။
"အင်း....ဒါဆိုလဲပြန်လေ.....ငါလုပ်စရာလေးတွေရှိသေးလို့.......အဆင်ပြေတယ်ဆိုရင် ကိုယ့်ဟာကိုယ်ပဲ ပြန်လိုက်တော့......."
ထက် ပြောပြီးတာနဲ့ အတွင်းရေးမှူးမလေးဆိုသူနှင့် စကားပြောကာထွက်သွားသည်။
သြော်.......မချစ်မနှစ်သက်ပဲယူထားရတဲ့ မိန်းမဆိုတော့လဲ ရိပ်ရဲ့ကိစ္စတွေ သူဘယ်စိတ်ဝင်စားပါ့မလဲ......မျှော်လင့်နေမိတဲ့ ရိပ်ကသာ ပုံမှန်မဟုတ်တာမဟုတ်လား....ကျလာတဲ့ မျက်ရည်ကို ဘယ်သူမှမမြင်အောင် သုတ်ကာ ဓါတ်လှေကားဆီ ဦးတည်လိုက်သည်။
"ပျိုဖြူ ......ငါခိုင်းထားတဲ့ကိစ္စ စီစဥ်ပြီးပြီလား....."
ထက် ရုံးခန်းထဲရောက်တာနဲ့ မေးလိုက်သည်။
"ဟုတ် သူဌေး.....စီစဥ်ထားပါတယ်.....ဒါနဲ့ သူဌေးရဲ့ဇနီးကို ဒီလိုလုပ်တော့ ထူးဆန်းနေလို့ပါ....မချစ်ပဲ ယူထားရတာလားဟင်.......ဒီတိုင်းသိချင်လို့ပါ"
ပျိုဖြူလဲ အရမ်းသိချင်နေတာနဲ့ မေးလိုက်သည်။
"မချစ်ပဲယူထားရတာမဟုတ်ဘူး......မုန်းလို့.....မုန်းလို့ယူထားရတာ အဲ့မိန်းမကို......."
ထက်သည် ထိုမိန်းမကိုသိပ်မုန်းသောကြောင့် အနားခေါ်ထားကာ နှိပ်စက်ဖို့တွေးထားတာကတော့ အမှန်ပင်။
"တင်မ်........"
ဓါတ်လှေကားထဲက ထွက်ရမည်ဖြစ်သော်လာ်း ဓါတ်လှေကားက ပွင့်မလာ.......မီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ တံခါးတော့ မပွင့်။ဓါတ်လှေကားမှာ cctv ပါနေတော့ errorရှိနေမှန်းသိတာနဲ့ companyကချက်ချင်းပြင်လောက်မှာပါ......ရိပ် အချိန်နည်းနည်းစောင့်ကြည့်နေပေမယ့် အသက်ရှူပင်ကြပ်လာသည်။
YOU ARE READING
ချစ်သော.......
Romance🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...
Part(11)
Start from the beginning
