"ဒီမှာ......သူ့နာမည်က ပျိုဖြူငယ်တဲ့.....ငါ့အတွင်းရေးမှူးအသစ်....မင်းလိုအပ်တာရှိရင်သူ့ကိုမေးပေါ့ ......သူကအရည်အချင်းအများကြီးရှိတယ်......."
ထက်သည် ရိပ်ကိုပျိုဖြူနှင့်မိတ်ဆက်ပေးလိုက်သည်။
"မဂ်လာပါညီမလေး.....အမနာမည်က ကြာရိပ်ချိုပါ......ထက်ရဲ့ဇနီးပါ...မနက်ဖန်ကျရင် အမလဲ အလုပ်စဝင်တော့မှာမို့ အမ မသိတာရှိရင် မေးမယ်နော်........"
ရိပ်လဲ လက်ဆွဲနှုတ်ဆက်ရင်း ထက်၏ဇနီးဖြစ်ကြောင်း တခါတည်းအသိပေးလိုက်သည်။ခါတိုင်း ဒီလို ကိုယ်ပိုင်ဆိုင်ကြောင်းမပြတတ်ပေမယ့် ရုတ်တရက် ကိုယ့်ကိုယ်ကို တားချိန်မရလိုက်။သူ သိထားလိုက်တော့ ပိုကောင်းတာပေါ့လေ။
"ဘာ.....ထက်ရဲ့မိန်းမတဲ့လား.....ထက်ကို သူပိုင်ကြောင်း ကြွားနေတာလား.....ဟားဟား.....မနက်က ထက်ဖုန်းဆက်ပြီး ပြောတဲ့ကိစ္စအရဆိုရင် သူ့ကို မချစ်လို့ဆိုတာ သိသာနေတာကို.....ကြာရိပ်ချို ကြာရိပ်ချို.....ထက်ကို နင်မကြာခင် လက်လျှော့လိုက်ရတော့မှာ........"
ပျိုဖြူခင် စိတ်ထဲကတွေးလိုက်ပြီး ရီလိုက်သည်။
"ဟုတ် မမ.....မဂ်လာပါ......ပျိုဖြူခင်လို့ခေါ်လို့ရပါတယ်နော်....မသိတာရှိရင်အချိန်မရွေးမေးလို့ရပါတယ်မမ......"
ရိပ်ကိုတော့ အပြောချိုချိုဖြင့်သာ နှုတ်ဆက်လိုက်သည်။
"ငါ့မိန်းမဖြစ်ကြောင်းကိုက တစ်လောကလုံးကို လိုက်ပြောနေတော့မှာလား မင်းက......"
အစည်းအဝေးခန်းထဲဝင်ခါနီး ရိပ်ကိုဘေးနားကပ်ပြီး မေးလိုက်ကာ မျက်စောင်းထိုးသွားလိုက်သည်။ဒီလူ ယောကျ်ားဖြစ်ပီး မျက်စောင်းလဲ ထိုးတတ်တာပဲ.....ရိပ်တွေးရင်း ရီလိုက်မိသည်။
အစည်းအဝေးက အချိန်နည်းနည်းကြာနေတော့ ရိပ်အနည်းငယ် ခေါင်းကိုက်နေသည်။ မနက်တည်းက နေမကောင်းချင်ဖြစ်နေတော့ အစည်းအဝေးပြီးတာနှင့် အိမ်ပြန်ဖို့သာစဥ်းစားနေတော့သည်။ထက်ရဲ့ခုံက ရိပ်နဲ့ မျက်နှာချင်းဆိုင်မှာဆိုတော့ ရိပ်လှန်းကြည့်လိုက်သည်။ထက်နှင့်အတွင်းရေးမှူးမလေးတို့သည် ဘေးချင်းကပ်ထိုင်ကာ တီးတိုးပြောနေကြသည်။ဘယ်တုန်းက ဒီလောက်ရင်းနှီးသွားပါလိမ့်။ရိပ် နေသိပ်မကောင်းချင်သောကြောင့် စိတ်ထဲဘာမှမထားပဲသာ နေလိုက်သည်။
YOU ARE READING
ချစ်သော.......
Romance🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...
Part(11)
Start from the beginning
