Chapter(83):ဝင်ခွင့်စာမေးပွဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1

Start from the beginning
                                    

ရုတ်တရက် ရွမ်မင်ကျီးက ယွီဂျင်လီကို ကြည့်လိုက်ပြီးတော့ သူမရဲ့အကြည့်တွေက ရှုပ်ထွေးလာတယ်။

ကျောင်းအုပ်ကြီးနဲ့ ဗိုလ်ချုပ်ကြီးတို့နှစ်ယောက်စလုံးရဲ့ လူကိုယ်တိုင်ကိုယ်ကျ ခေါ်လာခြင်းကို ခံရပြီးတော့ ဆရာကြီးခါမွန်ကိုယ်တိုင်ရေးပြီး ထောက်ခံချက်ပေးထားတဲ့ လက်ရေးစာရှိတဲ့ ဒီကောင်လေးက သေချာပေါက်ကို အတော်လေး အင်အားတောင့် စွမ်းအားကြီးတဲ့ နောက်ခံရှိတဲ့ တစ်စုံတစ်ယောက်ဆိုတာ နားလည်ရလွယ်ကူပါတယ်။

ဒီအခြေအနေမျိုးမှာဆိုရင် တကယ်လို့ သူ့ရဲ့စိတ်စွမ်းအားက နိမ့်ကျနေတယ်ဆိုရင်တောင်မှ ရွမ်မင်ကျီးကသူ့ကို ကတ်လက်မှုအတတ်ပညာကောလိပ်ကို တိုက်ရိုက်ဝင်ခွင့်ပေးလိုက်ဖို့အတွက် ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်ဆင်ခြေအချို့ကို တွေးတောလိုက်လို့ရတယ်လေ။

သို့သော်လည်း . . .

အခုလက်ရှိအခြေအနေက နည်းနည်း ကသိကအောက်ဖြစ်စရာ ကောင်းလှတယ်။

လီရီရီက ယခုနှစ်ကုန်ပိုင်းထဲမှာမှ ကျောင်းသို့ ဝင်ရောက်ချင်နေကြတဲ့ အခွင့်ထူးခံ ကျောင်းသားတွေအပေါ်မှာ မလိုမုန်းတီး ဆန့်ကျင်နေသူတစ်ဦး ဖြစ်တယ်။ ယွီဂျင်လီရဲ့စာမေးပွဲရလဒ်ကို ဖျတ်ကနဲ တစ်ချက်ကြည့်လိုက်ပြီးတဲ့နောက်မှာ သူမက ထေ့ငေါ့ပြောလိုက်တယ်။ "စိတ်စွမ်းအားက D အဆင့်လေးပဲ ရှိတယ်? မင်းကျောင်းမှားဝင်လာတာ မဟုတ်ဘူးဆိုတာ သေချာလား? ငါတို့ကျောင်းမှာက စိတ်စွမ်းအားအနိမ့်ဆုံးအဆင့်က B အဆင့်ရှိတယ်။ မင်းရဲ့စိတ်စွမ်းအားမျိုးနဲ့ဆိုရင် မင်းပထမစစ်တပ်အကယ်ဒမီထဲကို ဒီတစ်သက်လုံး ဝင်နိုင်မှာမဟုတ်ဘူး။"

ယွီဂျင်လီက စာမေးပွဲပြီးဆုံးသွားတာနဲ့ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ကျောင်းသွားပြီးတော့ အတန်းတွေတက်ရောက်ချင်တဲ့ဆန္ဒကို ပြီးမြောက်စေနိုင်ဖို့ကို မျှော်လင့်နေခဲ့တာ ဖြစ်ပေမဲ့ အခြေအနေက ဘာကြောင့် ပြောင်းလဲသွားရသလဲဆိုတာကို ဘယ်သူက သိမှာလဲ။ လီရီရီရဲ့စကားလုံးတွေကို နားထောင်ကြည့်ပြီးတော့ ရွမ်မင်ကျီးရဲ့မျက်နှာအမူအရာကို မြင်ပြီးတဲ့နောက်မှာ သူ့ရဲ့တက်ကြွနေတဲ့စိတ်လေးက ရုတ်တရက် ထိုးကျသွားတော့တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now