Part 8(Uni+Zawgyi)

Depuis le début
                                    

ထိုငါးကြီး၏ခေါင်းမှာ အထစ်အထစ်များရှိနေပြီ အမြှီးမှာလည်း ဆူးချွန်လိုလိုအချောင်းကြီးနှင့်။ပိုပြီးထူးဆန်းတာက ထိုငါးကြီးမှာ လက်နှစ်ဖက် ခြေနှစ်ဖက် ရှိနေခြင်းပင်။

"အားးးး ရိပေါ်!!!!"

"ဂီးးဂူးးးဝါးးး"

ရိပေါ်က သူ့ရဲ့ဘာသာစကားကို ပြောပြီး ရေထဲသို့ဆင်းသွားသည်။ကုန်းပေါ်မှာ ကျန်ခဲ့တဲ့ ရှောင်းကျန့်မှာတော့ နေမရထိုင်မရ ရိပေါ်ကိုသာ စိတ်ပူနေသည်။

"ရိပေါ်!!!သူမင်းကိုစားလိမ့်"

ရှောင်းကျန့်တစ်ယောက်ဆက်ပြော မယ့်စကားတောင်ရပ်သွားသည်။ အကြောင်းမှာ ထိုငါးကြီးက ရိပေါ်ကို တိုးဝှေ့ ချွဲနေကာ ရိပေါ်က ထိုငါးကြီး၏ ခေါင်းကို သူ့ လက်နဲ့ ပွတ်သပ်ပေးနေသည်။

ထို့နောက် သူ့ဆီကို လက်ကမ်းပေးလာတဲ့ရိပေါ်...

"ဟင့်အင်းးး ရိပေါ်"

ရိပေါ်က သူ့အားထပ်မံပြီး လက်ကမ်းပေးနေတုန်းပင်..

ဒီတစ်ခါတော့ သူရိပေါ်ရဲ့ လက်ကို သူ့လက်တွေနဲ့ ရဲရဲတင်းတင်းဆုပ်ကိုင်ထားကာ ရေထဲဆင်းဖို့ ခြေလှမ်းပြင်လိုက်သည်။

သူရိပေါ်ကိုယုံသည်။ ရိပေါ်က သူ့အတွက်အန္တရာယ်ရှိတဲ့အရာတွေဆို ကာကွယ်ပေးမယ်ဆိုတာသူသိသည်။

ရှောင်းကျန့်ရေထဲဆင်းလိုက်သည်နှင့် သူ့ကိုပါ ပွတ်သပ်တိုးဝှေ့ လာတဲ့ထိုငါးကြီးးးထိုအခါမှ ရှောင်းကျန့်လည်း စိတ်သက်သာရာရကာ ငါးကြီးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရေဆော့တော့သည်။ခုနက ကြောက်နေတာသူမဟုတ်တော့တဲ့အတိုင်းပင်။

ရှောင်းကျန့်တစ်ယောက် ရေဆော့လို့ ဝသွားမှ ရိပေါ်ကိုကြည့်လိုက်တော့ ရိပေါ်က စူပုပ်ကာ ကုန်းပေါ်မှာထိုင်နေလေသည်။

"ရိပေါ်...စိတ်ဆိုးနေတာလား...ငါက ဒီလို ငါးမျိုးတွေနဲ့ မဆော့ဘူးတော့ ဆော့ကြည့်တာပါ...မင်းကိုပစ်ထားတာမဟုတ်ပါဘူး"

ပြောကာမှ သူနဲ့ဆန့်ကျင်ရာဘက်ကို ခေါင်းစောင်းပြီး ဟိုဘက်လှည့်သွားတဲ့ ဝမ်ရိပေါ်...

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Où les histoires vivent. Découvrez maintenant