"မင်းက ဘာရယ်တာလဲ.."

"ဘာမှမဟုတ်ပါဘူး Mr.XZရဲ့.. အဟွန်း.. "

ဖွေးဖွေးကြည်ကြည် အသားအရည်ကို ပိုင်ဆိုင်ထားတဲ့ လီဆူယောင်းက အသားရောင်suitလေးကို ဝတ်ထားပြီး ဆံပင်နက်နက်တွေကိုတော့ သေ​သေသပ်သပ် စည်းချည်ထားတယ်။

မျက်လုံးဝိုင်းဝိုင်းတွေနဲ့ နှုတ်ခမ်းဖူးဖူးလေးတွေရှိတဲ့ လီဆူယောင်းက တော်ရုံလူတွေဆိုရင်တော့ ကြွေချင်လောက်တဲ့ typeမျိုးပဲ။ ဒါကြောင့်လည်း ပါးပါးက သဘောကျတာဖြစ်ပါလိမ့်မယ်။

"Mr.XZ ကျွန်မကို ကြည့်နေတာ ကြာပြီ။ ဒီနေ့ ကျွန်မလှနေလို့လား "

ဆုံလည်ထိုင်ခုံကို လှည့်လိုက်ပြီး မျက်ဝန်းတောက်တောက်တွေနဲ့ ပြန်ကြည့်နေတဲ့ လီဆူယောင်းကို ကျောပေးလိုက်တယ်။

"မြန်မြန်သောက်ပြီး မြန်မြန်သွားတော့..
မင်းကို မြင်ရတာ အာရုံနောက်လို့"

နောက်ကျောဆီက ပွစိပွစိစကားသံတွေကို ဂရုစိုက်မနေတော့ဘဲ ရှေ့တည့်တည့်က ရေစက်လေးတွေကို အာရုံစိုက်ထားလိုက်တယ်။

မြင်နေရတဲ့ မှန်သားနံရံရဲ့အပြင်ဘက်ကို မိုးရေစက်တွေက ရိုက်မှန်ကျနေတယ်။

ကိုယ်အမြဲတမ်းမျှော်ကြည့်တတ်တဲ့ တိမ်စိုင်ဖြူဖြူတွေက မည်းမည်းမှောင်မိုက်နေတယ်။

မင်းရော..
ဘယ်လိုပုံသဏ္ဍာန် ဘယ်လိုအဆင်းမျိုးကို ပြောင်းလဲလို့နေမလဲ ။

နောင်တရတယ် ။
ချစ်စကားတွေ မပြောခဲ့မိလို့နောင်တရတယ်။
မင်းနဲ့နီးဖို့ မကြိုးစားခဲ့လို့ နောင်တရတယ်။

အဲ့ဒီ့ညတုန်းက ကိုယ်သာမင်းအနားရှိနေခဲ့ရင် ဒီအချိန်ဆို မင်းလည်းကိုယ့်အနားမှာ နေသားတကျရှိနေလောက်မယ် ထင်ပါတယ်။

အခုတော့ ကိုယ့်ကိုထွက်သွားခိုင်းတဲ့ မင်းက ထွက်ပြေးသွားလိုက်တာ ၆နှစ်တောင်ရှိပြီ။ မင်းမရှိတဲ့နေ့တွေကို ကိုယ်ဘယ်လိုဖြတ်သန်းနေရလဲဆိုတဲ့ အကြောင်းတွေကို စက်ရုပ်ဆန်တဲ့ ကိုယ့်နှလုံးသားဆီ လာမေးလှည့်ပါဦးလား တိမ်ဖြူရေ ။

"ရှင်သူ့ကို လွမ်းနေတာပဲ "

ဘေးကကြားလိုက်ရတဲ့ အသံကြောင့် ဘေးကိုလှည့်ကြည့်မိတော့ လီဆူယောင်းက ရပ်နေတယ်။ သူ(မ)ကလည်း ကိုယ်ငေးကြည့်ခဲ့တဲ့ တိမ်မည်းတွေကို ငေးကြည့်နေပြန်တယ်။

𝐍𝐞𝐞𝐝 𝐓𝐨 𝐁𝐞 𝐂𝐥𝐨𝐬𝐞.. [Completed] Where stories live. Discover now