"နောက်နှစ်ရက်နေရင် လက်ထပ်ရတော့မယ့်သူက တခြားသူကိုကြည့်နေတာ မသင့်တော်ပါဘူး"

စကားသံကြောင့် သူလှည့်ကြည့်လိုက်တော့ သူရှိရာသို့ လျှောက်လာနေသည့် ကိုဇေယျာ။ အရပ်ရှည်ရှည် အသားဖြူဖြူ ချောမောသော မျက်နှာကျနှင့် ကိုဇေယျာက အလုပ်သမားတစ်ယောက်ပင်။ သို့သော်လည်း အိမ်ပိုင်ရှင်မောင်နှမနှစ်ယောက်အတွက်တော့ ငယ်စဉ်ကတည်းက အတူရှိခဲ့သည့် မိသားစုဝင်။

ကိုဇေယျာက သူ့ဘေးရှိ မြေပေါ် ,ပေါ်ထွက်နေသော သစ်ပင်အမြစ်‌ပေါ်တွင်ဝင်ထိုင်ကာ သူ့ကို‌ရော၊ သူထိုင်နေသည့်ဝှီးချဲကိုပါ တစ်ချက်မျှသာကြည့်ပြီး တခြားနေရာသို့ အကြည့်ပို့သည်။

"မသင့်တော်ဘူးတဲ့လား"

ခပ်ဟဟရယ်ကာ မကျေမချမ်းရေရွတ်လိုက်မိသည်။ အနားကို သွားခွင့်မရှိရင်တောင် အဝေးတစ်နေရာကနေ ငေးကြည့်နေရရုံနဲ့ ကျေနပ်နေတဲ့သူ့စိတ်ကို ပတ်ဝန်းကျင်ဆိုတဲ့ အရာကြီးနဲ့ ရိုက်ချချင်နေတာလား။

"အဲ့တုန်းက အကိုလေးမင်းဆက်က အသက်ခြောက်နှစ်ပဲရှိသေးတာ"

သူပြောနေသည်နှင့် ဆန့်ကျင်ဘက်စကားတို့ကို ကိုဇေယျာဆိုနေသော်လည်း သူဂရုတစိုက်နားထောင်လိုက်သည်။ အကြောင်းမှာ 'အကိုလေးမင်းဆက်'ဟူသောစကားကြောင့်။ ကိုဇေယျာရဲ့ မျက်လုံးအကြည့်တို့က ဝရန်တာတွင် စာဖတ်နေသော သူ'အကို'ဟုခေါ်ဆိုသည့် မင်းဆက်ဆီရောက်သွားလေသည်။

ယခု ရှိုင်းထက်ရောက်ရှိနေသော ကျယ်ဝန်းလှသော ခြံကြီးထဲတွင် ပင်မအိမ်ကြီးတစ်လုံးနှင့်အတူ ကမ်းခြေရှိဘန်ဂလိုလေးများလို အဆောင်ငယ်လေးများကို ဆောက်လုပ်ထားသည်။ အိမ်တွင် သူအပါအဝင် စုစုပေါင်း လူငါးယောက်ရှိသော်လည်း သူရောက်နေသည့် နှစ်ရက်အတွင်း တစ်ယောက်နှင့်တစ်ယောက် ဟက်ဟက်ပက်ပက်စကားပြောသည်ကို မတွေ့ဖူး။

အိမ်ရှင်‌မောင်နှမနှစ်ယောက်က တစ်ယောက်တစ်ဆောင်ဆီနေကြပြီး ကိုဇေယျာနှင့် ထမင်းချက်အဒေါ်ကြီးက တစ်ဆောင်ပင်။ ရှိုင်းထက်ကတော့ ဧည့်သည်တွေအတွက် ဆောက်လုပ်ထားသော အဆောင်များထဲမှ တစ်ခုတွင်နေရသည်။

ချစ်သည်Where stories live. Discover now