မရဏ ~ နိဒါန်းအဆုံး

2.3K 438 198
                                    

👻Unicode

ရိုးရိုးလေးပဲ စတင်တယ်လို့ တွေးထင်ခဲ့ပေမဲ့
မရိုးရှင်းပဲ ဆန်းပြားမှုတွေကို
လက်ခံရရှိလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ ။

သံသရာခရီးစဉ် တစ်ပတ်လည်တဲ့အခါ
ငါတို့ထပ်မံတွေ့ဆုံခဲ့ကြတာလား
"မြနန်းမြိုင်" ..... ။

***** မရဏစံအိမ်*****

ကိုရီးယားသမ္မတနိုင်ငံမှ ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်သို့ အလည်အပတ်လာရောက်မည့် ဇာတ်လိုက်ကျော် ၇ ယောက် ရှိခဲ့သလို သူတို့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် တာဝန်ယူဆောင်ရွက်ပေးမည့် Tour Guide နှစ်ယောက်ကလည်း ဤဇာတ်ကြောင်းတွင်အဓိက ဇာတ်ကောင်အဖြစ် ပါဝင်နေခဲ့ပါသည်။

သူတို့ကား ....

နံပါတ် (၁) အာကာမိုးထက်ဦး (ခ) အာအာ

အသက် ၂၀ အရွယ်ရှိကာ ချောမောခန့်ညားသော ရုပ်ရည်ရှိတဲ့ ကောင်လေးတစ်ယောက် ။

YUFL ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Korea Major အထူးပြု ကျောင်းသားတစ်ယောက်ဖြစ်သလို Major King အဖြစ် အားလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့ Popular ဖြစ်သူလေး ။

မျက်ခုံးထင်းထင်း မျက်လုံးလှလှ နှာတံဖြောင့်ဖြောင့်လေးနဲ့ ပြုံးလိုက်တိုင်း ထင်းနေတဲ့ ပါးချိုင့်တစ်ဖက်လေးက ပျိုမဒီတွေရဲ့ အသည်းကို ညို့ယူဖမ်းစားနိုင်တဲ့ လက်နက်လေးတစ်ခု ။

ရုပ်လဲချောသလို စိတ်ထားလဲကောင်းမွန်ပြီး သွက်လက်သည် ။ ထက်မြက်သည် ။ ယောင်္ကျားပီသသည်။

***

နံပါတ် (၂) မီမီမြင့်မိုရ်ဦး (ခ) မီမီ

အာအာ ထက် ၁၀ မိနစ်စောကာ မွေးသည့် အမြွှာအစ်မ ဖြစ်ပေမဲ့ ရုပ်ရည်ချင်းက ချွတ်စွတ်မတူပဲ အနည်းငယ်ကွဲပြားသည် ။ သို့ပေမဲ့ ချောတာလှတာကတော့ တူညီကြသည်။ သူမကတော့ ချစ်စဖွယ်ကောင်းသည့် အသွင်ကို ဆောင်သည်။

သို့ပေမဲ့ မီမီက နူးနူးညံ့ညံ့သိပ်မရှိ မိန်းကလေးမဆန် ။မဟုတ်မခံစိတ်ဓာတ်ရှိကာ ပြတ်သားပြီး ပွင့်လင်းတဲ့ဟန်ပန်ဖြင့် ယောင်္ကျားလေးဆန်သည်။

မရဏစံအိမ်Where stories live. Discover now