အပိုင်း (၃၂)

Start from the beginning
                                    

"မောင် က ဘာလို့ "

"သိထားရုံပါကွာ ရဲရင့်က မောင့်သူငယ်ချင်းလေ ရိပ်....ရွတ်...ဘာတွေစိုးရိမ်နေလဲ
မောင့်ဇနီးရိပ်က "

ရိပ်ပေးလာသော လိပ်စာကဒ်လေးအား သေချာကြည့်မိတော့ မြန်မာနိုင်ငံထိပ်သီး အထူးကုများ ထဲက တစ်ယောက်အမည်တဲ့လား ။ ကျွန်တော်ပြင်ပခရီး သွားချိန် ရဲရင့် ဘာတွေ လုပ်နေလဲ။ ရိပ်ပြောပုံအရ ကောင်ချောလေးက ကောင်းပြည့်ပဲနေမည် ဟု အတွေးထဲ ပေါ်လာပြန်သည်။ ရဲရင့် ကလေးကို ဘယ်လောက်နှိပ်စက်ထားပြန်ပြီလဲ ဆေးရုံလာပြရသည့်အထိ ။ မနေ့က လည်း ရဲရင့် လူယုံ ကိုလင်းနဲ့တွေ့သည် Shopping Mall တစ်ခုမှာ ရဲရင့်အကြောင်းမေးတော့ အဆင်ပြေပါတယ် လို့သာဖြေသွားခဲ့သည်။ တစ်ခဏအတွင်း မျက်နှာချက်ချင်းပျက်သွားတဲ့ကိုလင်းကို သူ အစ်မေးကြည့်တော့ ရဲရင့်က အခြေအနေဆိုးနေပြီ ကလေးအပေါ်နှိပ်စက်တာများနေပြီဆိုတာ တစ်စွန်းတစ သိခဲ့ရသည်။

Australia ရောက်နေတဲ့ သက်ကို ကို ဒီအကြောင်းတွေပြောပြတော့ သူလည်း ဘာမှမသိရဘူးလို့ပြောတယ်။ သိပ်မကြာခင် မြန်မာပြည်ကို သူ့အမျိုးသားနဲ့အတူ အလည်ပြန်လာဖို့ရှိတယ်လို့ ထပ်စောင်းပြောလာပြန်တယ်။ သက်ကို ပြန်လာမှ ရဲရင့်ဆီ သွားမယ်တွေးထားပြီး ပြင်ပထွက်ချိန် ခဏဖြတ်ထားသော ကျွန်တော် အလုပ်တွေကြား နေ့မနား၊ ညမအား။ ဇနီးဖြစ်သူ ရိပ်နဲ့ လက်ထပ်ပြီး အလုပ်တွေများတာက တစ်ကြောင်း၊ ဆေးရုံကိုစီမံဖို့လိုအပ်တဲ့ပညာတွေသင်ဖို့ ပြည်ပ ခဏ ထွက်ရတယ်။ ခု ပြန်ရောက်တာသိပ်မကြာသေး ။ ရဲရင့်ဆီ သွားမှ ရမယ်၊ တားသင့် တာ တားဖို့ ၊ ကလေးကို မချစ်ရင် လွတ်ပေးဖို့ ။ ဘာမှမသိတဲ့ ကောင်းပြည့်လေး ရဲရင့်ဒဏ် ဘယ်လောက်တောင် ခံနေရပြီလဲ တွေးရင်း ကိုယ်အမှားမကင်းမိသော အမှားတွေကြောင့် ထိတ်လန့်မူက မဖုံးကွယ်နိုင်ခဲ့ပြန်ဘူး။

ရိပ်ကို ယောက္ခမအိမ်ပို့ပြီး ရဲရင့်ဆီ ထွက်အလာ လမ်းကြုံလို့ ရဲရင့် နဲ့ကောင်းပြည့် သွားခဲ့တဲ့ ဆေးရုံကို ခဏ စုံစမ်းသွားခဲ့သည်၊၊ ရဲရင့် ကလေးကို အနာတရ ဖြစ်စေခဲ့တာလား ၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာလား သိရမှသာ ဘယ်လို ထိမ်းပြောရမလဲ သိရမည်တွေးမိသောကြောင့် ခြေချမိခြင်း။ ရဲရင့်က တစောက်ကန်း သူမှန်တယ်ထင်ရင် ဘယ်သူမှမတားနဲ့မရဘူး ။ ဘယ်သူမှလည်း ဝင်မပြောနဲ့မကြိုက်ဘူး ။ တွေးရင်းဖြင့် HANTHAR GROUP လက်အောက်ခံ ဆေးရုံဆီသို့ ကားကို ဖြေးဖြေးမောင်းခဲ့တယ်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now