အပိုင်း (၃၂)

Start from the beginning
                                    

"ကလေးငယ်....ကလေးငယ်....မပြေးနဲ့...မပြေးလိုက်ပါနဲ့...ကလေးငယ်..ကိုကိုလာမယ်...ကိုကိုလာခဲ့မယ် ..."

ကျွီ.........

ဒုန်းးးးးးးးးးးးးးး

"ရဲ့ရင့်.........."

"အစ်ကိုလေး....."

"Jackson.........."

ဟင်းအင်း ငါလိုချင်တဲ့ ကလေးငယ်မဟုတ်ပြန်ဘူးလား..။ နာတယ် ခြေထောက်ထက် ရင်ဘတ်ထဲက နာတယ်။ နာတယ် သွေးချင်းနီတဲ့လက် ထက် ကျွန်တော်နှလုံးသားက နာတယ်။ ကလေးငယ်ပုံစံတူလေးဆီပြေးအသွား လမ်းဖြတ်မှ ဖြတ်ဝင်လာသော ကားတစ်စီး...။ ကျွီခနဲ မြည်သံ ၊ ဒုန်းဆိုတဲ့ ပေါက်ကွဲ သံကလွဲ....ကျွန်တော် မျက်လုံးမှိတ်ချလိုက်သည် ဖြစ်ချင်ရာ ဖြစ်ပါစေတော့။ ကလေးငယ်ကို သိပ်ချစ်တယ်လို့ ပြောချင်သေးတယ် ကလေးရယ်။မှိတ်ကျသွားသည့် မျက်လုံးတို့က လူတစ်စု သူဆီပြေးလာနေသော်လည်း မမှီခဲ့။ ကလေးငယ်! လို့သာ နူတ်မှ တခွန်းထဲ ရေရွတ်၍ မေ့မျောသွားခဲ့သည်။

——————————————————————-

"မောင် သူငယ်ချင်း တွေဆီမသွားဘူးလား...ဒီနေ့ ရိပ် Duty off တယ် မေမေတို့အိမ်ခဏ သွားမယ် မောင် ရော.."

"ဟုတ်လား သွားလေ ရိပ် ကို မောင်ဝင်ပို့ပေးမယ်ပြီးမှ မောင်ရဲရင့်ဆီ ခဏ သွားမယ် "

"အင်း မိုးမချုပ်စေနဲ့အပြန် ၊ အော် ..ဒါနဲ့မောင် ဟိုတနေ့က ကိုရဲရင့်က ကောင်ငယ်ငယ်ချောလေးနှင့် HANTHAR GROUP လက်အောက်ခံ ဆေးရုံကိုလာတယ်တဲ့၊ သူနဲ့ပါလာတဲ့ ကောင်ချောလေးကို ဆေးလာစစ်ပေးတာတဲ့ ။ ခု အဲ့သတင်းက ရိပ်တို့ဆေးရုံထိ ပျံနေပြီ။ ကိုရဲရင့်က သာမာန်လူမှမဟုတ်တာ သိတယ်မဟုတ်လား အိမ်တော်က သားဆိုတော့ ထင်ထင်ပေါ်ပေါ်မနေလည်း အလိုလို သတင်းဖြစ်နေတာ ။ အဲ့ကောင်ချောလေးနှင့်အတူ ကောင်တာမှာ Pregnant အားဖြည့်ဆေးတွေ ယူသွားသတဲ့ ၊ အဲ့သတင်း ကို လူတိုင်းက သိချင်နေကြတယ် ကိုရဲရင်က official date news တွေထွက်တော့မှာလားဆိုပြီး ၊ အဲ့တာ မောင် သိလား "

"ဟုတ်လား မောင်လဲ ဘာမှမသိရပါ့လား ၊ မောင်အလုပ်ရူပ်နေတာနဲ့ သွားမတွေ့တာတာ ရိပ် အမြင်ပဲ၊ ဒါနဲ့ သူတို့ကို စမ်းသပ်ပေးလိုက်တဲ့ Professor အမည်သိလို့ရနိုင်မလား ရိပ် "

ချစ်ခြင်းတို့အလွန် Where stories live. Discover now