အပိုင်း (၃၂)

Start from the beginning
                                    

"ကလေးငယ်...ကိုယ်ဆီပြန်လာပေးပါကွာ၊ ကိုယ် အမှားတွေပါ ၊ ကိုယ်ကို ပြန်လည်တောင်းပန် ခွင့်ပေးပါ ၊ ကိုယ်အမှားတွေအတွက် ပြင်ဆင်ခွင့် တောင်းပန်ခွင့်လေးပေးပါကွာ "

ထိုင်ချမိသော လမ်းမကြီးဘေးက ပလက်ဖေါင်းတစ်နေရာပေါ်မှာ ကျွန်တော်မျက်ရည်တွေလည်း မဆဲခဲ့ပါ။ မိူင်းညို့လာသော မိုးက ကျွန်တော် ရင်ထဲက အပူမီးကို ကူညီငြိမ်းပေးမည့်အလား တဖွဲဖွဲကျနေသည်မှ သည်းထန်စွာ။ ဒီနေ့မှ ရာသီဥတုကတောင် ကိုယ်ဘက်မပါဘူးလား ။ မိူင်းအုံ့နေသော မိုးနတ်မင်းကိုကလေးငယ်ကို ကူရှာပေးဖို့ အကူအညီ​တောင်းရမလား။ တဖြူးဖြူးတသုန်သုန် တိုက်ခတ်နေသော လေနတ်သားကို ကျွန်တော့်ကလေးငယ် ရနံ့လေး ကို လိုက်ပြီး ရှာပေးဖို့ တောင်းဆိုရမလား။ ဘယ်နတ်မင်းဆီ တောင်းဆိုရမလဲ ၊ကိုကိုဆီ ပြန်လာပေးပါ ကွာ။ ပေါက်ကွဲပြီး စပ်ပျင်းနေသော မျက်နှာပေါ်က ဒဏ်ရာကသွေးကိုလည်း မသုတ်နိုင်၊ တဖက်လမ်းမပေါ်များ ကျွန်တော့်ကလေးငယ် ပေါ်လာမလား တောင်မြောက်ဝေ့ဝိုက် ရှာပါသောလည်း မြင်ကွင်းတွေက နတ္တိ။ တွေ့သမျှ လမ်းသွားလမ်းလာများကို ကလေးငယ်အား တွေ့မိပါ့လား မေးကြည့်သော်လည်း ခေါင်းရမ်းပြီးဖြေခဲ့ကြသည်။ လူအများက ကျွန်တော်ကို အရူးလို့သတ်မှတ်ပြီး ကွေကွင်းရှောင်သွားကြ၏ ၊ ဘယ်သူထင်မလဲ ကျွန်တော်က HANTHAR အိမ်တော်ရဲ့သားငယ်ဆိုတာ။ ဘယ်သူယုံနိုင်မလဲ လမ်းမပေါ် ခုလိုလဲပြိုနေတာ တချိန်က မာန်ကြီးခဲ့တဲ့ ရဲရင့်ဟန်သာပါလို့ပြောကြရင်။

! ကိုယ် ကို မမုန်းလိုက်ပါအုံး ကိုကိုက အားလုံးကို ရှင်းပြတောင်းပန်ပါမယ် ကလေးရယ် !လို့ အသံထွက် အော်မိသောလည်း ကျွန်တော်ကို အရူးတစ်ယောက်အလား လမ်းသွား၊ လမ်းလာများက ကွေ့ကွင်းရှောင်ကြသည်။ သည်းထန်စွာ ရွာတော့မည့်မိုးနဲ့အတူ ကလေးငယ်ကို ကျွန်တော်ဆီ ခေါ်ဆောင်လာပေးပါလို့ အရူးတစ်ယောက်လို လက်နှစ်ဖက်ကို မိုးပေါ်မြောက် တောင်းပန်နေမိသည်။ ကိုယ်ဆီပြန်လာပေးပါ တစ်ကြော်ကြော်ဟစ်အော်ရင်း လမ်းမပေါ် ပြိုလဲနေသော လူတစ်ယောက်ကို ခေါင်းရမ်း၍ ကွေ့ရှောင်သွားကြသော လူများစွာနှင့် မိုးစက်လေးတွေ ကြားက ရင်ကွဲနေပါသော Jackson ။ပတ်ဝန်းကျင်က ကျွန်တော့်ကို ဘယ်လိုမြင်မလဲ ၊ ဘယ်လိုထင်ကြ မလဲ၊ ဘယ်လိုအရူးမျိုးလို့ စွပ်စွဲ ကြမလဲ မသိချင်ဘူး ၊ ဂရုမစိုက်ဘူး ။ ဘယ်လောက်တောင် မှားမိတဲ့မိုက်ပြစ်တွေလဲ ၊ ဘယ်လောက်တောင်ဆိုးဝါးလွန်းလှလဲ။ ကျွန်တော်ကြောင့် ကလေးငယ်ကို ဘယ်လောက်တောင်နာကျင်နေရမလဲ တွေးမိတိုင်း လမ်းဘေး ဓါတ်တိုင်ကိုသာ ထိုးမိနေသည်က မရေမတွက်နိုင်သော အချက်မြောက်များစွာ။ ကျွန်တော်ဆီ ပြေးလာနေသော ငယ်သူငယ်ချင်းကြီး ထက်ပိုင်နဲ့ လူတစ်အုပ်ကို မမြင်မိဘဲ များစွာသော ထိုးချက်တွေကြောင့် ကျွန်တော်လက်တစ်ဖက်လုံးမှာလည်း သွေးချင်းချင်းနီခဲ့ပြီ။ ပြန်လာပါကွာ..ကိုကို တောင်းပန်ပါတယ်...မပြောင်းလဲသော စကားနှစ်ခွန်းကိုသာ အဆက်မပြတ်ရွတ်ဆိုရင် ကလေးငယ် ပုံစံလေး နဲ့တူသည့်အရာလေး မြင်မိသည့်ခဏ ။

ချစ်ခြင်းတို့အလွန် Where stories live. Discover now