ကေစီကလည်း ဒီရက်တွေမှာ သင်ယူဖို့ နေ့တိုင်းလာခဲ့ပေမယ့် သူက ဘာပြသနာမှမလုပ်ပဲ နောက်ကျောလွယ်ကိုထိုးတာ သင်ယူဖို့ လူတိုင်းရဲ့ နောက်ကို နာနာခံခံနဲ့ လိုက်နေရုံသာ။ကေစီရဲ့ပြုမူပုံကို မြင်ပြီး အန်းချီလော့နဲ့တခြားသူတွေက စိတ်သက်သာရာရသွားတယ်။ကေစီရဲ့ ထိန်းကျောင်းရခက်ပြီး မာနကြီးဘ၀မြင့်တဲ့ စိတ်သဘောထားအကြောင်းကို စိုးရိမ်စရာမလိုတော့ဘူး။ ဘာတွေဖြစ်သွားတာလဲ။

တုံးအပြီး ရိုးသားတဲ့ ဇက်ခ်လေက နေ့တိုင်း သားကောင်ပို့နေတဲ့အပြင်  မိန်းမပျိုတွေကြိုက်နှစ်သက်တဲ့ သစ်သီးတွေကိုလည်း ထပ်ထည့်ပြီး သူက ပို့ခဲ့တယ်။သူက ဘယ်သူ့ကိုမှ သီးခြားနာမည်မတပ်ထားခဲ့ပါဘူး။ခဲယ်လ်တစ်က လူတိုင်းကို အဲ့ဒါတွေပို့ရုံသာဖြစ်ပြီး ရှီကျဲနဲ့ တခြားသူတွေကို ဧည့်ခံဖို့ အကုန်လုံးအသုံးပြုခဲ့တာက ဆိုင်ရယ်ကို ဒေါသတွေ တရွရွဖြစ်လာအောင် လုပ်နေတာပဲ။သူအသီးစားလိုက်တဲ့အချိန်တိုင်း အသီးကိုဆန့်ကျင်တတ်တဲ့ မလိုမုန်းတီးမှုတွေရှိသလိုမျိုး အမြဲကြောက်စရာကောင်းနေလေ့ရှိတယ်။ပြီးတော့ ကေစီက တမင်လား ၊မရည်ရွယ်ပဲဖြစ်သွားတာလား ၊အမြဲဆိုင်ရယ်ရဲ့ဘေးမှာထိုင်ပြီး ဆိုင်ရယ်မှာအစ်ကိုကြီးရှိလို့သာပဲ မဟုတ်ရင် သူတို့မှာ အသီးရှိမှာမဟုတ်ဘူးလို့ ပြောသေးတယ်။တခြားသူတွေကတော့ အဲ့အချိန်ကျရင် တိတ်တိတ်လေး အမြဲပြုံးနေကြပြီး ပိုင်မုကတော့ ဆိုင်ရယ်နဲ့ကေစီက တကယ်ချစ်ဖို့ကောင်းတယ်လို့ ခံစားရတယ်။

ဒီရက်တွေမှာ ပိုင်မုကို မှားယွင်း‌နေတယ်လို့ ခံစားရအောင်လုပ်နေတဲ့ အရာတစ်ခုကတော့ ခဲယ်လ်တစ်က သူ့ကို အရမ်းကပ်နေတာပဲ။သူဘယ်နေရာသွားသွား ခဲယ်လ်တစ်က သူ့အမြီးကို ယမ်းပြီး နောက်က လိုက်လာတယ်။ဒါက မျိုးနွယ်စုခေါင်းဆောင်က သင်ပေးခဲ့တာဖြစ်ပြီး *Lieက Lang Langကို ကြောက်တယ်လေ။အရင်က လာခဲ့တဲ့ တမန်တော်က ဒါကို  သင်ပေးခဲ့တာလို့ ပြောကြတယ်။(*သူဘာပြောချင်တာလဲဆိုတာ တို့လည်းနားမလည်ပါ ╥﹏╥)

ပိုင်မုကတော့ အိမ်ထဲက မိန်းမပျိုတွေကြားက  သိမ်မွေ့နေတဲ့လေထုကို သတိမထားမိပါဘူး။ဒီရက်တွေမှာ သူက မိန်းမပျိုတွေအတွက် အသုံးပြုဖို့ တပေါအတွက်နောက်ကျောလွယ်အသေးလေးကို ရက်လုပ်နေခဲ့တာ။မူလက ဒါက ခဲယ်လ်တစ်ရဲ့အလုပ်ဖြစ်သင့်ပေမယ့် အခု သူနဲ့လိန်းကျယ်နှစ်ယောက်လုံးက ဒီမိန်းမပျိုအုပ်စုကို အပြာရောင်သစ်သား‌အမြှောင်းလေးတွေ ဖြတ်ဖို့ကူညီနေတာမှာ အလုပ်များနေကြတာ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now