အပိုင်း (၂၇)

Start from the beginning
                                    

တီ ~ တီ

ဆိုတဲ့အသံလေးကို Condo ရဲ့ ဧည့်ခန်း တစ်နေရာက နမ်းရိူက်နေပါသော လးနှစ်ဦးက မကြားနိုင်ခဲ့။ ကိုကို Condo password ကို နှိပ်ရင်း ဧည့်ခန်းဆောင်ကို အကြည့်ပို့မိတော့ ခွေလဲကျ မသွားအောင် အခန်းနံရံကို ထောက်ကန်ထားမိတယ်။ ဘုရား...ဘုရား...။ ဘာ...ဘာတွေလဲ....ကို...ကိုကိုက..။

ဒုန်းးးးးးးး

နံရံကို အားပြုအမှီ နံရံဘေးက ဖိနပ်စင်လေး ယိမ်းယိုင်နေသော ခြေထောက်ကြောင့် တိုးတိုက်မိ၍ ပြိုလဲ ရပြီ။ ဖိနပ်စင် ပိနေသော ခြေဖမိုး တို့ရဲ့ နာကျင်မူက ရင်ဘတ်ထဲက နာကျင်မူထက် မယှဉ်နိုင်စွာ ။ ခန္ဓာကိုယ် လဲမကျအောင်ပြန်ထိမ်းရင်း တစ်နေရာဆီကိုသာ စူးစိုက်ကြည့်မိသည်။

"ဟာ ...ကလေးငယ်...."

သွားပြီ ။ အကုန် လွဲကုန်ပြီ။ ဟင်အင်း ကိုယ်ကို အဲ့လိုမကြည့်နဲ့။ ကိုယ်ကို အဲ့လိုမျက်လုံးစိမ်းတွေနဲ့မကြည့်နဲ့။ ကလေးငယ်ထင်သလိုမဟုတ်ဘူး။ ခုချိန်မှ ရှင်းပြရင်လည်း ကိုယ်စီစဉ်ခဲ့သမျှ mission က အကုန်မျောပြီ။ ရှင်းပြချင်ပေမယ့်၊ ကိုယ့်အတ္တက ခွင့်မပြုဘူး ကလေးငယ်။ ကိုယ်က မင်းအတွက် ကျိန်စာဆိုးကိုဖန်တီးပေးခဲ့တဲ့ နတ်ဆိုးတစ်ကောင်ပါ။

"ကျွန်...ကျွန်တော် အခန်းမှားလာလို့ဗျ..တောင်း....တောင်းပန်ပါတယ် ဗျ၊ ခွင့်ပြုပါအုံး"

"ရပ်လိုက် ....ခု ရပ် ...ကလေးငယ်...ခု အဲ့နားမှာတင်ရပ် "

မျက်ရည်တွေနဲ့ အပြင်ပြေးထွက်ဖို့ ပြင်နေသော ကလေးငယ်ကို နေရာမှာတင် ရပ်တန့်စေခဲ့သည်။ ဟင်အင်း ခုချိန် အပြင်ကို ပြေးထွက်ခွင့်မပေးနိုင်ဘူး၊ ကိုယ်ဆီကနေ ထွက်ပြေးသွားခွင့်မပေးနိုင်ဘူး။ ကိုယ့်အစီအစဉ်မှာ တစ်ယောက်က တခြားတစ်ယောက်ကို ချန်ထားရကြေးဆိုရင် ချန်ထားသူက ကိုယ်ပဲဖြစ်လိမ့်မယ်။ ကိုယ်ကျန်နေခဲ့ရမယ် အဖြစ်ကို လက်မခံနိုင်ဘူး။ ဆက်လက်ပြီးအတ္တကြီးပါရစေ၊ ခုချိန် ကလေးငယ်ကို အပြင်ထွက်ခွင့်မပေးနိုင်ဘူး။ နောက်ရက်တွေမှာ အချိန်ပေး ချော့ပါ့မယ်။ ခရီးပြန်ပင်ပမ်းလာသည်မို့ ကလေးငယ်ကို အနားယူစေချင်သည့်စေတနာက တကယ့်အစစ်အမှန်။ ကိုယ်မျက်စိရှေ့မှောက်မှာပဲ ငိုကြွေးစေမယ်။ ကိုယ့်ကြောင့်နာကျင်ပင်ပမ်းတာကလွဲ သဘာဝလေပြင်း မင်းအပေါ်တိုက်ခိုက်သွားရင်တောင် စိုးရိမ်မိတာပါ။ ကိုယ်ကြောင့်ပဲ ငိုစေ ၊ ရယ်စေ၊ သာယာစေ ၊ နာကျင်စေ ရည်ရွယ်ပေးအပ်မယ့် ကိုက်ိုရဲ့ သီးသန့် လက်ဆောင်ပါ။ ကလေးငယ် ကိုယ်ပေးမယ့်အရာတွေကို ခံယူတက်ပါစေ ။

ချစ်ခြင်းတို့အလွန် Where stories live. Discover now