“ဒါနောက်ဆုံးအကြိမ်ပါပဲ နောက်ဆိုပိုက်ဆံအများကြီးသုံးရမယ့်ကိစ္စဆိုရင်ကြိုပြောပါ့မယ်လို့ ကျွန်တော်ကတိပေးပါတယ်”

သူ့ကတိစကားအားလက်ခံတဲ့သ‌ဘောအနေဖြင့် ယွီရှင်းမှ 'ဟင်း' ဟူ၍သာ တုံ့ပြန်လိုက်၏။ တအောင့်နေပြီးနောက် သူကမေးလာသည်။

“နာရီကဘယ်မှာလဲ? ဘယ်လိုနာရီမျိုးက ဒီလောက်တောင်ဈေးကြီးရပါလိမ့်လို့ ငါသိချင်နေတာ!”

ယွီချင့်ဟွမ်နာရီကိုသွားယူတုန်းက သူဟာရှုးရှူးရှားရှားပူထူနေဆဲရှိသေးတာကြောင့် သူ့နောက်ကိုလိုက်မသွားခဲ့မိပေ။ယခု သူပြန်အမှတ်ရသွားတော့ ထိုနာရီကိုစူးစမ်းချင်သွားရ၏။

ယွီချင့်ဟွမ်သည် ကိစ္စတိုင်းအပေါ်အမြဲလိုလို တုံဏိဘာဝေ၊စိတ်ခံစားချက်မရှိသူတ‌ယောက်ဖြစ်၏။ သူ့ကို ဒီလောက်စိတ်ပါလက်ပါဖြစ်လာစေတာ ဘယ်လိုအရာများဖြစ်မလဲ?

ယွီချင့်ဟွမ်မှာ ချောင်းတချက်ဟန့်လိုက်ပြီး မကြုံစဖူးအရှက်ထူး‌သွားသည့်ပုံပေါက်လို့သွားကာ

"အဟမ်း ကျွန်တော်အဲ့ဒါကိုတစ်စုံတယောက်ဆီပေးလိုက်ပြီ"

"ဘာ?!"

ယွီရှင်းမှာမတ်တပ်ထရပ်ပြီး ယွီချင့်ဟွမ်ဆီစူးစူးဝါးဝါးကြည့်နေသည်မှာ ခွင့်မလွှတ်အပ်တဲ့အရာတစ်ခုခုကို သူကျူးလွန်မိလိုက်သည့်အလား။

"ဒီလောက်စျေးကြီးတဲ့နာရီကို မင်းကဒီတိုင်းပဲပေးပစ်လိုက်တယ်ပေါ့?"

ယွီရှင်းမှာ မူးမေ့လဲလုနီးပါးပင်ဖြစ်သွားရ၏။ သူစတင်ဆူပူကျိန်းမောင်းခါနီးမှာ ရုတ်တရက်သူ့ခေါင်းထဲတစ်စုံတရာဟာလျှပ်တပြက်နေရာယူလာသည်။

"ခဏနေဦး! မင်းဒီနာရီကို ကောင်မလေးတယောက်ယောက်ကို မျက်နှာလိုမျက်နှာရလုပ်ဖို့များသုံးခဲ့တာလား?”

ယွီချင့်ဟွမ်မှာ သူ့နဖူးသူပြန်အုပ်ကိုင်လိုက်ပြီး

"ကော ကျွန်တော်က ဂေး..."

"အိုး ဆောရီး ငါစိတ်တိုလွန်းလို့မေ့သွားတော့မလို့"

ယွီရှင်းမှာသူ့နဖူးသူပြန်ရိုက်ပြီး

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now