အပိုင်း(၃)ပျက်စီးသွားတဲ့ဘဝ

149 24 2
                                    

လီဖေးဟန်တစ်ယောက် သတိပြန်ရလာချိန်မှာ သူ့ကိုလူတချို့က တရွတ်တိုက်ဆွဲသွားတာကို သိလိုက်ရတယ်။

(လူများ)"ဟျောင့် သူ့ကိုတောင်ခြေမှာပစ်ထားခိုင်းလိုက်တာလေကွာ ဒီလိုလုပ်တာကောင်းပါ့မလားကွ၊တော်ကြာ တစ်ယောက်ယောက်သိသွားပြီ ပြန်တိုင်လိုက်ရင် ငါတို့အပြစ်ပေးခံနေရအုန်းမယ်"

(တခြားလူ)"ဟျောင့်၊မင်းကအခုမှကြောက်နေတာလား ဒီ‌လီဖေးဟန်က ကျင့်ကြံ့ဆင့်တွေပျက်စီးထားပြီးသား အရိုက်ခံထားရတဲ့ ဒဏ်ရာနဲ့တင် သာမာန်လူထက် အားနည်းနေတာ သူကဘာပြန်လုပ်နိုင်မှာမို့လည်း ၊ပြီးတော့ (အလှလေးရှင်း)ကိုလုပ်ထားတဲ့လုပ်ရက်ကို ဘယ်ဂိုဏ်းသားကကျေနပ်နေလို့လည်း တွေ့လည်းသူတို့ပါလုပ်အုန်းမာကွ ဟျောင့်မင်းမလုပ်ချင်ထွက်သွားတော့ ငါလုပ်မယ်"

ထိုလူတွေစကားများနေကြတာက သူ့ကိုတခုခုလုပ်တော့မယ်ဆိုတာကို သူသိလိုက်တယ်၊ဒါပေမယ့် ခန္တာကိုယ်ကအရမ်းအားနည်းနေသေးတော့ လှုပ်လို့တောင်မရတော့ဘူး ဖြစ်နေခဲ့တယ်၊ဪ ခွေးမသားတွေက ငါ့ကိုနောက်ကျော ပုဆိန်နဲ့ခုတ်မလို့ကိုး စိတ်ထဲကနေ စနစ်ကိုပဲလှမ်းအကူအညီတောင်းရတော့တယ်။

(လီဖေးဟန်)"စနစ်ရေမင်းရှိတယ်ဆိုတာသိတယ် ၊တခုခုလုပ်ပေးစမ်းပါကွာ ဒီခွေးတွေငါ့ကိုသတ်တော့မယ် မင်းမြင်လား "

(စနစ်)"လူကြီးမင်းရဲ့ ပွိုင့်တွေကနည်းနေပါသေးတယ်၊ဒါကြောင့် စုံစမ်းရေး ဝန်ဆောင်မှု့ကလွဲရင် ဘယ်ဝန်ဆောင်မှု့မှမရရှိနိုင်သေးပါ၊ပြီးတော့ စိတ်မပူပါနဲ့လူကြီးမင်း ဇာတ်ကြောင်းအရ လူကြီးမင်းမသေနိုင်သေးပါဘူး ၊အကျိုးတွေကျိုးရုံတင်ပါ လီဖေးဟန်ကသွေးသန့်အမတ ခန္တာကိုယ်ကို ပိုင်ဆိုင်ဖူးသူပါ "

(လီဖေးဟန်)"ဪ သောက်ကျိုးနည်း Oocကလည်းဖြစ်လို့မရဘူး၊ဘာအကူအညီကမှမရနိုင်ဘူး ၊အဲ့တော့မင်းတို့ကငါ့ကိုဒီထဲဆွဲထည့်ပြီး အသေခံခိုင်းနေတာလား သောက်ဂွစနစ်ရ လိပဲကွာ"

လီဖေးဟန်တစ်ယောက် ပြောလို့တောင်မဆုံးသေး သူ့ကိုယ်ဆွဲလာတဲ့ သူတွေက တောင်အောက်ဆင်းတဲ့လှေကားထိပ်မှာ သူ့ကိုတွဲပြီးရပ်စေတယ်။

ငါကဗီလိန်အဲ့တော့ဘာဖြစ်လည်းWhere stories live. Discover now