🌻 (2). Z

33 4 0
                                    

အပိုင်း ၂ - ငါ ရှိနေတာတောင် တစ်ခြားပန်း စိုက်ရဲသေးတယ်ပေါ့ ?

ရှောင်တောက်ကျိ သူ့ခြံထဲ ပြန်ရောက်တော့ နေရောင်ခံလို့ ပြီးသွားပြီဖြစ်သည့် လူငယ်လေးက ရေတွင်းနားရပ်ပြီး ရေသောက်နေကာ သူ့လည်စလုတ်သည် အထက်အောက် ရွေ့လျားနေသည်။

ရှောင်တောက်ကျိ မဝံ့မရဲ မေးလိုက်၏။

“ မင်း တကယ် နေကြာပန်းခင်းဆီ ပြန်မသွားတော့ဘူးလား”

လူငယ်လေးက ခဏမျှ အလေးအနက် စဉ်းစားပြီးနောက် ပြန်ဖြေလာသည်။

“ အမှန်တိုင်းပြောရရင် ငါ အဲ့ကို ပြန်မသွားရင် သေအောင်လွမ်းနေမိမှာ”

ရှောင်တောက်ကျိ :“ ဒါဆိုလည်း မြန်မြန် ပြန်သွားတော့လေ”

လူငယ်လေး :“ ဟုတ်တယ်... ငါ ပြန်သွားပြီး လူတွေကို ခြောက်လှန့်ရမယ်”

ရှောင်တောက်ကျိ အမြန် လက်ဆန့်ပြီး သူ့ကိုတားလိုက်သည်။

“ မရဘူး ! တစ်ယောက်ယောက် လန့်ပြီးသေသွားရင် ဘယ်လိုလုပ်မလဲ ?”

လူငယ်လေး :“ ဒါဆိုရင်တော့ မင်းအပြစ်ပဲပေါ့”

ရှောင်တောက်ကျိ : “ ငါ့အပြစ်?”

လူငယ်လေး :“ ဟုတ်တယ်လေ... ဘယ်သူက ငါ့ကို ဒီနေရာက နှင်ထုတ်ခိုင်းလို့လဲ”

သန့်စင်ထားသော နေကြာပန်းဆီကနေ ခြိမ်းခြောက်ခံလိုက်ရသည့် ရှောင်တောက်ကျိ : “အေးပါ၊ အေးပါ... မင်း ဒီမှာနေလို့ရတယ်”

လူငယ်လေးက ရှောင်တောက်ကျိဘက် ‌ကျောပေးပြီး ကြိတ်ပျော်သွားသည်။

------

သူ့ရှစ်ရှုန်း ပေးခဲ့သော အဝတ်ဟောင်းများကို ရှောင်တောက်ကျိ ရေဇလုံထဲ ထည့်ပြီး အဝတ်များ လျှော်ဖွတ်ရင်း သက်ပြင်းချလိုက်၏။

“ အဲ့တော့ မင်း‌ပြောတဲ့အတိုင်းဆို... ငါကပဲ ငါ့ကို‌ခြောက်လှန့်အောင် မင်းကို ဆွဲဆောင်မိသွားတာပေါ့ ဟုတ်လား?”

လူငယ်လေး : “ ဟုတ်တယ်”

ရှောင်တောက်ကျိ : “ ဘယ်လိုမျိုးလဲ”

လူငယ်လေးက ခေါင်းလေးစောင်းပြီး ခဏစဉ်းစားပြီးသည့်နောက်...

Refined Sunflower and the Little Priest [Trans:]Where stories live. Discover now