'' ဆရာ.. ဘာတွေကြည့်နေတာလဲ ''.

ငှက်ပျောသီး တစ်လုံးကိုကိုင်ထားရင်း ခွန်းဘေးနားရောက်လာသော ပုကြူး။

'' တိမ်တွေလေ...မလှဘူးလား ''

'' ဆရာ ကိုကိုတိမ်ကြိုး ကိုသတိရနေတာလား...''

''. .....''

'' ခနလေးစောင့် ''

ဟုဆိုကာ ခွန်းဘေးက ပြန်ပြေးထွက်သွားပြီး သိပ်မကြာခင် ဓာတ်ပုံလေးတစ်ပုံကိုင်ကာ အနားပြန်ရောက်လာသည်။ ထိုဓာတ်ပုံလေး ခွန်းကို ထိုးပေးသည်။ ခွန်းလည်း ဂျီဂျီ့ကို လက်တစ်ဖက် ကချီရင်း ပုကြူး ပေးသော ဓာတ်ပုံလေးကိုကြည့်လိုက်တော့ သူ့မွေးနေ့တုန်းက တိမ်တိုက်နဲ့အတူရိုက်ထားသော ပုံလေးဖြစ်သည်။

'' ဒါက ဘာလုပ်ဖို့လဲ ''

'' ကြည့်ဖို့လေ ဒယ်ဒီဆို ပါးပါး ခရီးသွားတုန်းက ပါးပါးဓာတ်ပုံပဲထိုင်ကြည့်နေတာ...ဒယ်ဒီကပြောတယ် အလွမ်းပြေတယ်တဲ့ ။ ဆရာလည်း အလွမ်းပြေအောင် အဲ့ဓာတ်ပုံကြည့်လေ ။ ''

'' ဟား...ဟား...ဟုတ်ပါပြီကွာ ကဲသွား ဒေါ်ဒေါ့်ကို ရေသွားချိူးခိုင်းတော့ တော်ကြာနေ မင်း ပါးပါးပြန်လာ တော့မှာ ''

ခွန်း ပုကြူးပေးသော ပုံလေးကို အင်္ကျီ အဖြူ အိတ်ကပ်ထဲ ထည့်လိုက်ပြီး ပုကြူးကိုရေသွားချိူးခိုင်းသည်။ နောက် မကြာခင်မှာပဲ ကျူရှင်သင်မည့် ဒုတိယ ကလေးအသုတ် တဖွဲဖွဲရောက်လာသည်။ ခွန်း ဂျီဂျီ့ကို အောက်ချပေးလိုက်ပြီး ခုထိမလဲရသေးသော အဖြူအစိမ်းကို နည်းနည်းပြန်ပြင်လိုက်သည်။ ကျောင်းမှာတန်းပြဆင်းပြီး တန်းလာတာကြောင့် မလဲရသေးတာဖြစ်သည်။

ကလေးတွေကိုစာသင်နေရင်း လင်းရောင် ပြန်ရောက်လာသည်။ လင်းရောင်က ခွန်းကိုတစ်ချက်ပြုံးပြကာ အပေါ်ထပ်
ပုကြူးရှိရာကိုတက်သွားလေတော့သည်။

ညနေ ၆နာရီထိုးချိန်တွင် ကလေးတွေစာသင်တာ ပြီးသွားသည်။ အိမ်တွင် စေလွန်းညို လည်းပြန်ရောက်နေပြီး မကြာခင်အပေါ်ထပ်မှ သားအဖ သုံးယောက်ဆင်းလာသည်။

'' ပင်ပန်းနေပြီလား ခွန်း ''

'' ဒီလိုပါပဲ ကိုစေရာ...ဪ ဒါနဲ့ ကျွန်တော် အကူအညီတောင်းထားတာလေး အဆင်ပြေလား ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now