"မဟုတ်ဘူးရတယ် Kimစိတ်ကြိုက် Kimခေါ်ချင်သလိုသာခေါ်"
Taehyungစကားပင်မဆုံးသေးဖြတ်ပြောလာသူကြောင့်Taehyung၏မျက်လုံးများမှေးစင်းသွားခဲ့သည်။စကားပြောနေတုန်းဖြတ်ပြောတာလူယဥ်ကျေးတို့ရဲ့လုပ်ရက်မလုပ်ဘူးလေ၊Jungkookနေရာတွင်တခြားသူသာဆိုလျှင်Taehyungထသောင်းကျန်းမိမှာအမှန်ပင်။ ဒါမဲ့Jungkookကအဖိုးသူငယ်ချင်းရဲ့သားဖြစ်နေသည်မဟုတ်လား အဟမ်း အဖိုးရဲ့မျက်နှာကြောင့်ပါ...။

Taehyung၏အတွေးကိုမသိသောသူကတော့Taehyung၏မျက်နှာပြောင်းလဲပုံအဆင့်ဆင့်ကိုသေချာကြည့်ရှုနေခဲ့သည်။ ပထမဆုံးမျက်လုံးများမှေးစင်းကာအလိုမကျဖြစ်သွားသည်၊ ခဏကြာတော့သက်ပြင်းဖွဖွချကာစိတ်လျော့လိုက်ဟန်ပြုမူသည်။ အမ်းနောက်ထပ်ခဏကြာတော့မလုံမလဲပုံစံဖြစ်ကာ Jungkook ဘက်သို့လှည့်ကြည့်လာသောကြောင့်ပါးချိုင်းရေးရေးလေးပေါ်သည်အထိပြုံးပြလိုက်သည်။

'ကိုယ့်အပြုံးမှကြွေလိုက်စမ်းKim ကိုယ့်လိုဥစ္စပေါ၊ရုပ်ချောအရာရာမှperfectဖြစ်လွန်းတဲ့သူကပဲKimနဲ့ထိုက်တန်တာမဟုတ်လား'
.
.
.
.
.
.
.
Dohyunတစ်ယောက် Zankoku Gangရဲ့အလည်ဖိတ်ခေါ်မှုကြောင့် မြှောက်ကြွ မြှောက်ကြွ ဖြစ်နေလေသည်။ Dohyunဆိုတာကောင်းတာဆိုလျှင်ဝေးဝေးကရှောင်တက်ပေမဲ့ မကောင်းတာမှန်သမျှအကုန်ပြုလုပ်သည့်လူမဟုတ်ပါလား။ အသောက်အစားလည်းမကင်း၊လောင်းကစားကိစ္စတွင်လည်းသူထိပ်ဆုံးဖြစ်သည့်အပြင်မိန်းမကိစ္စပါလိုက်စားနေသူတစ်ဦး။ ထို့အပြင်သူ့အပိုင်Barအတွင်းမှဆေးခြောက်အမျိုးမျိုးအားလည်းအရောင်းအဝယ်ပြုလုပ်နေသူတစ်ဦး၊ ရောင်းဝယ်ရုံသာမကသူကိုယ်တိုင်ပါထိုဆေးဝါးများရဲ့သားကောင်ဖြစ်နေသောလူတစ်ဦး။ ထိုကဲ့သို့ပျက်စီးနေသောသူအားမီးလောင်ရာလေပင့်ဆိုသလို "Zankoku Gangမှဖိတ်ကြားခြင်း" ဆိုသည့်မီးစာထည့်ပေးခြင်းဖြင့်မကောင်းမှုအားလုံးအားပြုလုပ်ရန်တွန်းအားပေးနေသည်မဟုတ်လား။ ကံတရားကတကယ်ထူးဆန်းသည်၊ မကောင်းတာပြုလုပ်သောသူအချင်းချင်းအားမိတ်ဆွေဖွဲ့စေပြီးမှ ရန်သူအဖြစ်သို့ပြောင်းလဲပေးရန်ကြံစည်နေပေသည်။ ကံတရား၏လှည့်စားမှုအားမသိသူတစ်ဦးကတော့ထို့အချင်းအရာကိုတွေးကာပျော်ရွှင်နေလေရဲ့..။
.
.
.
.
.
.
.
"Zankoku Gangရဲ့ခေါင်းဆောင်နဲ့တွေ့ခွင့်ရတာတကယ့်ကိုဂုဏ်ယူမိပါတယ်"

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now