အပိုင်း(၂၁)

Start from the beginning
                                    

" okay ကျွန်တော်ပြန်လာနေပြီ ကိုလင်း နားတော့လေ"

ဘာတဲ့လဲ ...ဘာ$ အချိုးတွေလဲ ကောင်းပြည့်ဝေလျှံတို့က အားကိုးရှိနေတဲ့သဘောလား။ ညနေတိုင်း သင်တန်းဆင်းချိန် ကွက်တိ အကြို/ အပို့ လုပ်ပေးနေတာ ၊ အပြင်လူတွေနဲ့ ထိတွေ့ခွင့်မပေးဘဲ ရာဇာနဲ့သာ သင်ပေးစေတယ်။ ရာဇာ ခွေးကောင် $ကျင့်ကမပြောင်းဘူးနော် ...ငါ့အပိုင်ဆိုရင်ကို ဖြတ်လုချင်သလားပဲ ။ ညနေက ပုံမှန်သင်တန်းဆင်းချိန် ကြိုဖို့ ကိုလင်းလွတ်မိတာ ပြန်သွားပြီတဲ့။ အိမ်ပြန်ရောက်နေလား မေးတော့လည်း အိမ်မှာမရှိဘူးတဲ့ ။ တောက်စ်..တွေးရင်းဒေါသထွက်လာပြီ။ ဘယ်သူနဲ့ပြန်သွားလဲ စုံစမ်းကြည့်မိတော့ ၊ရာဇာနဲ့ ညနေ အစောပိုင်းကတည်းပြန်သွားတယ်ဆိုတာသိရတယ်။ ငါကို ဒီလိုလုပ်လို့မရဘူး ကောင်လေး ၊ ငါက Jack မဟုတ်သလို ၊ မင်း အရူးလုပ်ခံရမယ့်သူ ထဲ ငါမပါဘူး။ မရဘူး ငါကို ဒီအချိုးချိုးလို့ ...တွေ့မယ်..ငါပြန်လာနေပြီ ။

"ကိုကို...ပြန်ရောက်..."

" ဘယ်ချိန်ကတည်းကလဲ ...ရာဇာနဲ့ တွဲနေပြီလား...ဆရာတပည့်တွေဆိုတာ အသိရှိသေးလား..ဟင် ..ဖြေလေ"

ဝင်းထက်နဲ့တွေ့ပြီးလို့ ငယ်ဘဝအကြောင်းအရာတွေကို Condo အနားက ပန်းခြံငယ်လေးမှာထိုင်ရင်း တွေးနေမိတာ အချိန်ကိုမကြည့်မိဘူး။ အိမ်ပြန်တော့ ကိုကိုကပြန်ရောက်နေပြီ။ ဘာကြောင့်မှန်းမသိတဲ့ မေးခွန်းတွေနဲ မေးမြန်းနေတယ်။ ကျွန်တော်ပုခုံးကို လူပ်ကိုင်ရမ်းရင်း ဒေါသတကြီး မေးမြန်းနေတယ်။ ကိုကို ဘာတွေပြောနေတာလဲ။

"ဗျာ..ကိုကို ဘာတွေပြော"

"မင်း ခု ဘယ်ကပြန်လာလဲ ဟင် ညနေက ရာဇာနဲ့ပြန်တယ်ဆို..ငါကိုဘာလို့အသိမပေးတာလဲ ..ငါကိုချစ်လှပါကြည့်ရဲ့ ပြောပြီး ငါနောက်ကွယ်မှ ဖောက်ပြန်နေတာလားဟင်..ဖြေလေ မင်း"

"ဗျာ..ကျွန်တော် ညနေက...ဝင်းထက်...အ့.."

ဖြေရှင်းချိန်မပေးပါဘဲ ကျွန်တော် ကို ဧည့်ခန်းထဲကဆိုဖာပေါ်တွန်းချတယ်။ ကြောက်လန့်တကြီးဖြင့် ကိုကို ကိုကြည့်မိတော့ ဒေါသကြီးစွာဖြင့် ကျွန်တော်လည်ပင်းတစ်နေရာကို အငြိုးကြီးစွာ ကိုက်ခဲနေတယ်။ စပ်ဖျင်းဖျင်းနာကျင်မူနဲ့အတူကိုကို ဘာကိုဒေါသထွက်နေတယ် ကျွန်တော်စဉ်းစားမရခဲ့ဘူး။ အတူနေစဉ်ကာလတွေမှာ ကိုကို ထားတဲ့နေရာမှာနေခဲ့တယ်၊ အပြင်ထွက်တာ စိတ်မချဘူး ပြောလို့ အနီးနား store ဆိုင်ကလွဲ ဘယ်မှမသွားခဲ့ဘူး။ ကိုကို ထားပေးတဲ့ သင်တန်းမှ ပဲ တက်ခဲ့တယ်၊ ကိုကို စကားတိုင်းကို အမြဲခေါင်းငြိမ့်လက်ခံခဲ့တယ်။ ခုလည်း ဘာကိုဒေါသထွက်နေတယ် ကျွန်တော်မသိဘူး။

ချစ်ခြင်းတို့အလွန် Where stories live. Discover now