အပိုင်း(၂၁)

Start from the beginning
                                    

ငါတို့ တစ်ချိန်က မခွဲမခွါနေခဲ့ကြတာလေ ဝင်းထက်။ ငါ မပြေဘူး ငါတကယ်အဆင်မပြေဘူး ၊ ငါကို မထားခဲ့ပါနဲ့လား ပြောမထွက်ရက်ဘူး၊ မင်းဘေးမရှိတော့ ငါ အားငယ်မိတယ် ဝင်းထက်ရာ ။ ကလေးဘဝကတည်းက အချိန်ကြာကြီး မခွဲခဲ့ဖူးဘူး။ ခု နိုင်ငံရပ်ခြားတောင် ခရီးထွက်မလို့တဲ့လား ။ ငါအချစ်ရဆုံးသော သူတွေထဲမှာ မင်းအမည်လည်းပါတယ်၊ ဘဝကြင်ဖော်တစ်ယောက်အနေနဲ့ မဟုတ်ခဲ့ပေမယ့် ငါယုံကြည်ရဆုံးလူသားပါ ကွာ။ မင်း တက်လမ်းကို မင်းက ရွေးချယ်နေချိန်မှာ ငါကတော့ ချစ်ခြင်းတရားကို ကိုးကွယ်နေပြီ။

ကိုကိုက ငါကို မချစ်သလိုပဲ ဝင်းထက် ၊ အချိန်ကြာလာလေ ပိုချစ်လာတဲ့ ကိုကိုအပေါ်ထားတဲ့ ငါ့အချစ်ကို ကိုကို က အလေးမထားဘူး။ ငါကို လူရှေ့ချပြ မတွဲရဲဘူးတဲ့ ၊ သူက gay မဟုတ်ဘူးလို့ ပြောခဲ့တဲ့ ကိုကိုက တစ်လောက သူ့ဘေးနားမှာ အစ်ကိုကြီး ခပ်ချောချော တစ်ယောက်နဲ့ လက်ချိတ်တွဲထားတယ်။ ကိုကိုက ငါအတွက်သီးသန့် Gay မဖြစ်ပေးနိုင်တဲ့လူသား ၊ သည်လူသားကိုမှ ငါက ဘုရားမှတ်လို့ ကိုးကွယ်နေခဲ့တာ ။ ငါကို မချစ်ချင်နေပါ ၊ ငါ ကိုကို အနားနေရရုံနဲ့ ကျေနပ်နေပြီ။ ကိုကို့ ချစ်နေရတာနဲ့ ငါ့ဘဝပြည့်စုံနေပြီ။ ကိုကို ကို့မြင်နေရရုံနဲ့ ငါအသက်ဆက်ရှင်ဖို့ ခွန်အားတွေ ဖြစ်နေပြီ။ ငါ့က အချစ်ကို မျက်စိမှိတ် ယုံကြည်ကိုးကွယ်နေတာ ဝင်းထက်ရာ။

" မင်းချစ်တဲ့သူနဲ့ ပျော်ရွှင်ပါစေ ငကောင်း၊ မင်းကို အပစ်မြင်ရက်ပါဘူးကွာ၊ ငါရဲ့ညီလေးတစ်ယောက်အနေနဲ့ ချစ်နေအုံးမှာပါ"

ထွက်ခွါသွားသော ငကောင်းကျောပြင်လေးကို ကြည့်ပြီး ဆုံးရူံးလိုက်ရတော့မယ့်ခံစားချက်၊ အနှစ်နှစ်အလလ ဝေးကွာသွားရတော့မယ့် ခံစားချက်တွေ ငါ ရင်ထဲ တနှင့်တပိုး။ မင်းချစ်တဲ့သူနဲ့ မင်းပျော်ပါစေလို့ ငါဆုတောင်းပေးနေမှာပါကွာ။

"ဘာ...ကလေးက ပြန်သွားပြီဟုတ်လား ..ဘယ်သူနဲ့လဲ ၊ ဘယ်ချိန်ကတည်းကလဲ"

(......)

"ဟုတ်ပြီကိုလင်း ..ကျွန်တော်အိမ်သွားကြည့်လိုက် မရှိရင် ချက်ချင်းဆက်သွယ်ပါ တောက်စ်..."
(.......)

ချစ်ခြင်းတို့အလွန် Where stories live. Discover now