ပြီးတော့ နာမည်တဖြည်းဖြည်းတက်လာသည့် kingdom ကြောင့်လဲပါမည်ထင်သည်။ မိဘတွေဆုံးပြီးနောက် ဝှီးချဲဖြင့်သွား၍ Kingdomမှာ တည်းပြီး ဟိုတယ်တည်ဆောက်ပုံနှင့် ဝန်ဆောင်မှုပိုင်းတွေကို အနည်းငယ်လေ့လာခဲ့သော်လည်း တိုင်းသိချင်ခဲ့သည်က Kingdom၏ CEOပင်ဖြစ်သည်။ ဒီလူဟာတကယ်ပဲ နိုင်ငံခြားကလား။ တိုင်းစုံစမ်းခဲ့သော်လည်း ထိုလူ၏နောက်ကြောင်းကိုဘယ်လိုမှစုံစမ်းလို့မရခဲ့ပေ။

royal palaceအတွက်စဥ်းစားပြီး Kingdomနဲ့ အကျိုးတူပူးပေါင်းရမလားစဥ်းစားမိသော်လည်း royal palace ဟာ
ယိုင်နဲ့စပြုလာပြီး တစ်ချို့ရှယ်ယာရှင်တွေဟာလဲ ပိုသာသည့်ဘက်ရွေးချယ်သွားကြတာပါပဲ။ထို့ကြောင့်kingdomဘက်မှလက်မခံမှာကိုလဲစိုးရိမ်သည်။ပြီးတော့ CEOဖြင့်တွေ့ဖို့ ကြိုးစားခဲ့ဖူးသော်
လည်းCEOက မအား၍ လာမတွေ့နိုင်ဘူးဟု အငြင်းခံခဲ့ရသေးသည်။ဒါဟာသက်သက်မဲ့ အချေခံခဲ့ရတာလေ...။ဟိုတယ်အကြောင်း
စကားစလိုက်လျှင် တိုင်း မေရိုးတင်းခနဲ တစ်ချက်။ထို့နောက်
အေးစက်လွန်းသောလေသံဖြင့်

"အခြေအနေအရပဲ"

ပြောအပြီး စံအိမ်ထဲသို့ပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် ဖီးနစ်က
စားဖိုခန်းမှအပြေးထွက်လာကာ သူ့ခန္ဓာကိုယ်ကြီးဖြင့် တိုင်းအား
ခုန်ဖက်၏။ huskyအမျိုးအစားဖြစ်တာကြောင့် ထွားကြိုင်းလွန်းလှသည့် ဖီးနစ်ခန္ဓာကိုယ်အား မနိုင်သဖြင့် လက်ထဲမှ ကိုင်ထား
သည့် တုတ်ကောက်လွတ်ကျသွားလျှင် ဝန်ထမ်းတွေ မျက်လုံးပြူး
မျက်စံပြူး၍ ရုတ်ရုတ်သဲသဲဖြစ်ကာ အပြေးလာပြီး ဖီးနစ်အား မခုန်
ဖက်အောင်ပြန်ဆွဲထားကြသည်။ သို့သော် ဝန်ထမ်းတွေရောက်လာ
ချိန်မှာ နောက်ကျသွားခဲ့ပြီး ခုန်ဖက်လိုက်သည့်အရှိန်ကြောင့် ဟန်ချက်မညီပဲ လဲကျသွားလေသည်။

"ဝုန်း!"

"ဟဲ့..ဟဲ့"

ဒေါ်မြညိုလဲ လန့်ဖြန့်ကာ ဖီးနစ်၏မွေးပွလက်တစ်ဖက်အား ပြန်ဆွဲယူလျှင် အတင်းရုန်း၍ တိုင်း၏မျက်နှာအနှံ့လျှာ ဖြင့်လျက်လေသည်။
တိုင်းလက်နှစ်ဖက်ကာ၍ ရှောင်သော်လည်းမရချေ။ အရွယ်ရောက်နေပြီဖြစ်သည့်ဖီးနစ်၏အင်အားက မိန်းကလေးတစ်ကိုယ်စာလောက်ရှိသည်။ ပြီးတော့စံအိမ်မှာ တိုင်းကလွဲလျှင်ဖီးနစ်ကို နိုင်သည့်လူဆိုတာလဲမရှိ။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now