Final

11.5K 323 2
                                    

Unicode

"ဟိုဘက် တောင်ကွေ့လမ်းမှာ ကားရပ်လိုက်"

"ခင်ဗျာ"

"ကျွန်တော်ကိုယ်တိုင်ပဲဆက်မောင်းသွားလိုက်မယ်၊ ကိုစိုးလင်း ခွင့်ယူလိုက်ဒီတစ်ပတ်"

"ဒါပေမဲ့ အိမ်တော်ထိန်းက သခင်လေးတစ်ယောက်တည်းစိတ်မချဘူးလေ"

"အိမ်တော်ထိန်းကိုကျွန်တော်ကိုယ်တိုင်ပြောလိုက်မယ်..ဒီကနေပဲ ဆင်းပြီး လှည့်ပြန်လိုက်တော့"

"ဟုတ်ကဲ့..ဂရုတစိုက်မောင်းသွားပါနော်"

"အင်း"

ကိုစိုးလင်းကားပေါ်မှဆင်းပြီးနောက် တိုင်းက မောင်းသူနေရာဝင်ထိုင်
လိုက်ပြီး ခါးပတ်ကြိုး တပ်လိုက်၏။မကြာခင်ရက်အတွင်းမှာ
ဟိုတယ်အားလွှဲပြောင်းပေးရတော့မည်ဖြစ်တာမို့ ရဲတိုက်ဟိုတယ်
ကြီးရှိရာနယ်ဘက်သို့ဆင်းလာခဲ့သည်။နဂိုအစီအစဥ်အရ တိုင်း
တစ်ယောက်တည်းကားမောင်းရန် စီစဥ်ထားသော်လည်း ဒေါ်မြညို
က တောင်ဆင်းတောင်တက်စိတ်မချဘူးဟုဆိုကာ ကိုစိုးလင်းပါ
ထည့်ပေးလိုက်သောကြောင့်လမ်းတစ်ဝက်ရောက်သည်နှင့် ခွင့်ယူ
ခိုင်းပြီးပြန်လွှတ်လိုက်၏။ အကြောင်းမှာ ကိုစိုးလင်း ပါနေလျှင်
ဒေါ်မြညိုဖုန်းတဂွမ်ဂွမ်ဆက်ပြီး နားပူနေမှာစိုးသောကြောင့်ပင်။
ပြီးတော့နယ်ရောက်တုန်း စိတ်လွတ်လပ်လွတ်နေချင်ပါသည်။

ရဲတိုက်ဟိုတယ်သို့ရောက်သည်နှင့် ကားပါကင်ထိုးပြီးပြီးချင်း
ဝရန်တာသို့ ဦးဆုံးသွားကာ တောင်ပေါ်မှရှုခင်းတို့ကို တမေ့တမော
ကြည့်နေမိသည်။အုတ်ချည်းသီးသန့်တည်ဆောက်ထားတဲ့ ဟိုတယ်
ကြီးဟာ ဥရောပဟန်ပေါ်လွင်လွန်းလှပြီး ဝရန်တာဟာကျယ်ပြန့်လွန်း
တာကြောင့်နေဝင်ချိန်ရောက်လျှင် ဟိုတယ်မှဧည့်သည်တွေက
ဆည်းဆာအလှကြည့်ရတာ ကြိုက်သည်တဲ့။

ထို့ကြောင့် နေဝင်ချိန်သို့ရောက်လျှင် service ဝန်ထမ်းတွေက
ဝရန်တာကြီးမှာ စားပွဲဝိုင်းလေးတွေအမြဲချထားပြီး ဆည်းဆာအလှ
နှင့် လိုက်ဖက်အောင် ဝိုင်နှင့် မုန့်အချိုတို့ကိုတည်ခင်းဧည့်ခံရသည်။
ဟိုတယ်၏ပါဝင်နေသော ဝန်ဆောင်မှုပိုင်းတွင် ပွဲတော်မရှိသော်ငြား
ညပိုင်းရောက်လျှင်လဲ မီးရှုးမီးပန်းဖောက်ပေးသေးသည်။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now