လွမ်းပုံပြင် အပိုင်း(၃)

Bắt đầu từ đầu
                                    

"ကျွန်တော်ကအကို့ကို တခမ်းတနားလက်ထပ်ချင်တာ"

"မင်းကိုယ်တိုင်ကိုကခမ်းနားနေပြီးသားမို့လို့ တခြားဘယ်အရာကမှခမ်းနားနေတော့မှာမဟုတ်ဘူး"

"စကားတွေတတ်လိုက်တာအကိုရာ ကျွန်တော်သိပ်သိပ်ချစ်နေပြီ"

"အကိုလဲရင်နဲ့မဆန့်အောင်ကိုချစ်တာ"

Taehyungက လက်ကိုဆန့်ထုတ်ကာ ရင်ခွင်ထဲလာဖို့ပြောနေသည်မို့ Hoseokရင်ခွင်ထဲသွားကာ ဖက်လိုက်သည်။

မိုးသည်းသည့်နေ့ ထီးဖြူဖြူလေးအောက်က စတွေ့ခဲ့ရပြီးပိုင်ဆိုင်ခွင့်ရချင်သည့် မျက်ဝန်းပြာပြာတွေက တကယ်ကိုပဲအကို့အပိုင်ဖြစ်လာပြီမို့
တကယ်ကိုရင်တွေခုန်နေမိတယ် အကို့ကောင်လေးရေ.....

အကို့အပိုင်လေးဖြစ်လာတာတောင်အကို့မှာမယုံနိုင်သေးဘူး။

Taehyungရင်ခွင်ထဲကနေ ရင်ခုန်သံအေးအေးလေးကိုနားထောင်ပြီး Hoseokသဘောတွေကျနေမိသည်။ဒီရင်ခွင်ကျယ်ကြီးက အကို့အပိုင်လေး...။

Taehyungအကို့ကိုဖက်ထားရတာတောင်မှ အခုထိအိပ်မက်လို့ထင်နေမိတာကြောင့် ရင်ခွင်ထဲကအကို့ကို

"အကို ကျွန်တော်လေ အခုထိအကိုနဲ့လက်ထပ်ထားတာကိုမယုံနိုင်သေးဘူး အိပ်မက်လိုပဲ"

ထိုအခါအကိုကရင်ခွင်ထဲကထွက်လာကာ နှုတ်ခမ်းပါးလေးကိုအကို့နှုတ်ခမ်းနှင့်ထိကာနမ်းလာသည်။3စက္ကန့်လောက်နမ်းပြီးသွားသည့်အခါ လွှတ်ပေးရင်းစကားတစ်ခွန်းဆိုလာသည်။

"အခုရော အိပ်မက်လို့ထင်နေတုန်းပဲလား"

"အကိုရာ"

Taehyungအကို့ကိုအကြောမခံပါ။
ခပ်ဖွဖွနမ်းလာသည့် အကို့နှုတ်ခမ်းလေးတွေကို ထပ်နမ်းချင်သေးတာမို့

"အကိုကဘယ်သူ့အပိုင်လေးလဲ"

"ဟောဒီကအကို့ကောင်လေးရဲ့အပိုင်ပေါ့"

"ဒါဆိုကျွန်တော့်က ကျွန်တော့်အပိုင်လေးကိုတံဆိပ်ခတ်ပေးမယ်"

"အမ် အွင့်"

နုအိသည့်နှုတ်ခမ်းသားများအပေါ် Taehyung၏အနမ်းများဖြင့် တံဆိပ်ခတ်ကာ နှစ်ယောက်တည်းသာကျင်းပသည့် မင်္ဂလာပွဲလေးကို အဆုံးသတ်လိုက်သည်။

လွမ်းပုံပြင် [VOPE] || Short StoryNơi câu chuyện tồn tại. Hãy khám phá bây giờ