Impossible love -3

25 1 0
                                    

“ဘာခေါ်နေလို့လဲ အကို့ကို "

“ကိုကိုလို့ခေါ်လိုက်တာမလားဟင် ဟုတ်တယ်မလား အကိုနားကြားမလွဲပါဘူးနော် "

“မသိဘူးရှင့်  အကိုတော်လေးရဲ့ "

"တစ်ခေါက်လောက် ထပ်ခေါ် ပြပါလား အကိုကြားချင်လို့ပါ ကိုယ့်အမြတ်နိုးဆုံး  ဒီကလေးမလေးဆီက 'ကိုကို' ခေါ်သံလေးကို ”

"မခေါ်ပါဘူး ကိုကိုနော် ”

“ဟောဗျာ ဒီကလေးမ လေးချစ်ဖို့ကောင်းချက်”

"ကိုကိုရဲ့ကောင်မလေးပဲကို ချစ်ဖို့ကောင်းရမယ်လေ ဘာလဲ ကိုကို ကငြိုငြင်တာလား ”

“ဟားဟား မဟုတ်ရပါဘူးဗျာ ဒီကလေးစကားတတ်ချက်ကတော့ ကိုကိုအရှုံးပေးပါတယ်ဗျာ... ”

"ဟွန့် မုန့်ဝယ်ကျွေးနော် ကိုကို ဝယ်မကျွေးဘူး ဆို ထားခဲ့မှာ ”

"ဟ တွဲတာဖြင့်နာရီဝက်တောင်မပြည့်သေးဘူး အကျပ်ကိုင်တယ်ပေါ့ ဟုတ်လား လူဆိုးမလေး ”

"ကိုကိုက ကလေးကိုဆူတယ်ပေါ့ အဟင့် အဟင့် ”

"အဲ မဟုတ်ဘူးလေ သိမ့်ကလည်း.... သိမ့်နော် ”

"ဘာလည်းပြော ”

"ကို့ကိုမချစ်ဘူးလား ”

"မသိဘူးဗျာ ”

သိမ့်တစ်ယောက် ရှက်သွေးဖြာ၍ အိမ်သို့​​ ပြန်လာခဲ့သည်

...

နောက်နေ့ နံနက် ကျူရှင်တွင်

"ဟိတ် ကလေးမ"

"..."

"ဟ နေအုံး လေ ကလေးမ ”

သိမ့်တစ်ယောက် စိတ်ဆိုးချင်ဟန်ဆောင်ကာ စကားမပြောဘဲ
ကျူရှင်အိမ်သို့ပြေးဝင်သည်...

ကျုရှင်အဆင်းတွင် သိမ့်စိတ်ဆိုးနေ၍ ပြာသီပြာယာ လိုက်ချော့ ၍ ဘာလူပ်ရမှန်းမသိဖြစ်နေသော အကို့ကို သိမ့်တစ်ယောက် သိပ်သဘောကျခဲ့ရသည်

"သိမ့်လေး ဟေ့..ကလေးမ ကို့ကို စကားပြောအုန်းလေ ကိုမနေတတ်ဘူး မင်း ကို့ကိုပစ်ထားတာ ကြာနေပြီ တကယ် ကိုဘာအမှားလုပ်မိလို့လဲ ကလေးမ စကားပြောပါအုန်း ကိုမနေတတ်လို့ပါ... ””

"ဟွန့် မပြောချင်ပါဘူး ရှေ့ကဖယ်နော်”

"မဖယ်ပါဘူး ဒီကလေးမလေးစိတ်ကောက်မပြေမချင်း ကိုဖယ်မပေးဘူး ”ဆိုပြီး သူအသစ်ဝတ်လာတဲ့အင်္ကျီကိုမှ အားမနာ မြေကြီး ပေါ်သို့ တစ်ကိုယ်လုံး ပစ်လှဲချကာ သိမ့်ရှေ့တွင်ကာထားသည်..

သိမ့်တစ်ယောက် ရီချင်စိတ်များ ထိန်းမရတော့ပါ..

"အော် မင်းကရီတယ်ပေါ့ ငါကတော့အခုမှဗီရိုထဲကထုတ်ဝတ်တဲ့ အင်္ကျီ အသစ်လေးသွားပါပြီ မင်းလုပ်ရက်တာ ဗြဲ ”

"မဟုတ်ဘူးလေ ကို့ ဘာသာလှဲနေပြီးတော့ ”

"မင်းကြောင့် ငါလှဲရတာလေ မင်းမှစိတ်ဆိုးမပြေသေးတာ "

"ထတော့ ကိုကိုသူများတွေကြည့်နေပြီ ထတော့ ”

"မထဘူး  မင်းမှစိတ်ဆိုးမပြေသေးတာ ​ဗြဲ... ”

"စိတ်ဆိုးပြေပြီ အဲ့ကြောင့်ထတော့နော် ”

"တကယ်နော် ”

"ဟုတ် ကိုကို ”

"အဲဆို ထပြီနော် ”

"ငယ်ကမဆိုးရဘူး သူပဲဆိုးနေတယ် ဒုခပဲ ”

"ကိုကိုလည်းဆိုးချင်တာပေါ့လို့  သိမ့်ကလည်း "

"အိုကွယ် ဒီကောင်လေးနဲ့တော့ခက် "

"မရဘူး ဆိုးမှာပဲ ငယ်တောင်ဆိုးသေးတာပဲကို ”

"ဆိုးပါဗျာ ငယ် အိမ်ပြန်တော့မယ် အိမ်က စိတ်ပူနေလောက်ပြီ  ”

"အင်း ပြန်တော့လေ ကိုတော့လွမ်းနေတော့မှာပဲ.... ”

"မနက်ဖြန် တွေ့မယ် ကိုကို တာ့တာ ”

"တာ့တာ ချစ်တယ်နော် ကလေးမလေး ”

"ဟုတ် တာ့တာ ”

သိမ့်တစ်ယောက် အိမ်ပြန်ရောက်တော့လည်း ညနက်ထိ သူချစ်ရသော အကို့ကို တွေးမြဲတွေးဆဲ   ဆယ်ကျော်သက်အရွယ်မို့စိတ်ကစားခြင်းပင်  ဖြစ်စေကာမူ  ဒီလူသားကိုတော့ သိမ့်  ပိုင်ဆိုင်ချင်ခဲ့သည်မှာအမှန်ပင် .....

-Renny-

You've reached the end of published parts.

⏰ Last updated: Jun 03, 2022 ⏰

Add this story to your Library to get notified about new parts!

Impossible loveWhere stories live. Discover now