Impossible love -1

21 0 0
                                    

"ကိုယ်တို့လမ်းခွဲရအောင် သိမ့်"

"အင်း အကို့သဘော "

"မင်းငါ့ကိုဆွဲမထားတော့ဘူးလား ကလေးမ "

"အင်း "

အေးစက်စွာဖြေလိုက်တဲ့ကောင်မလေး

"မင်းကွာ ဘာလို့လဲပြောပါအုန်း ခါတိုင်းမင်းလမ်းခွဲမယ်ပြောတုန်းက ငါဆွဲထားခဲ့တာပဲ အခုငါလမ်းခွဲတာကျ ပြန်မဆွဲထားဘူး မင်းငါကိုတကယ်ကောချစ်ရဲ့လား "

"အင်း ဟိုကောင်မလေးဆီသွားတော့"

"မင်းကအဲ့လိုပေါ့လေ ရတယ် ငါသွားမယ် နောက်တခါ မင်းနဲ့ငါထပ်ပက်သက်စရာအကြောင်း မရှိတော့ဘူး "

"အင်း သွားတော့ "

"သေချာလား ကလေးမ "

"အင်း သွားတော့လို့ ထပ်လည်းလာမပက်သက်နဲ့ ဒီဆက်ဆံရေးကအဆင်ပြေမှာမဟုတ်ဘူး အကိုလည်းသိတာပဲ "

"အဆင်ပြေနိုင်ပါတယ် ကလေးမရယ် မင်းသာ ဆွဲထားရင်ပေါ့"

ထိုစဥ် ဖုန်းတကော

"အကို ရေ ရွှန်း စက်ဘီးချိန်းပျက်သွားလို့ လာကြိုပေးပါလား "

"အင်း လာပြီ ခနစောင့်အုန်း "

"သူမပဲမလား ရတယ်လေ အကိုသွားရင် ငယ်နဲ့ပြတ်ပြီပဲ"

"ကလေးမ မရစ်စမ်းနဲ့ကွာ မှောင်နေပြီ ဟိုကတစ်ယောက်တည်း ငါသွားလိုက်အုန်းမယ် "

မောင်းထွက်သွားသော ဆိုင်ကယ်တစ်စီး

တစ်ယောက်တည်းကျန်ခဲ့သော သိမ့် တစ်ယောက် စိတ်ထဲတွင် ငိုချင်စိတ်များထိန်း၍....

"အော် ... ငါလည်းတစ်ယောက်တည်းပဲလေ ငါနဲ့ယှဥ်ပြီးတောင် သူ့ကိုရွေးရတဲ့အထိ အကိုကသူ့ကိုသိပ်ချစ်တာပဲလား "

လွန်ခဲ့သော5နှစ်ခန့်က

ကျူရှင်သို့စက်ဘီးဖြင့်သွားနေသောကောင်မလေးတစ်ယောက်

ထိုစဉ်

"ဟိတ် ကလေးမ "

"ဟုတ် ပြောလေ အကို"

"ချစ်လား "

"ဟမ် ဘယ်လိုကြီးလဲ တွေ့တွေ့ချင်းကိုချစ်လားတဲ့ "

"မရဘူးဖြေကွာ "

"ငါနှယ့် သယ်နှယ့်အရူးနဲ့တိုးရတာတုန်း "

"မရူးရပါဗျာ့ အကို ကလေးမအဖြေကိုစောင့်နေမယ် "

"သွားပါဗျာ လူကနဂိုစိတ်ညစ်ရတဲ့ကြားထဲ "

ကျူရှင်အပြန်တွင်လည်း

"ဟေး ကလေးမ ကျူရှင်ဆင်းပြီလား "

မသိချင်ယောင်ဆောင်ပြီးအိမ်သို့စက်ဘီးဖြင့် ပြန်သွားသောကောင်မလေး

နောက်နေ့နံနက်

"ဒီနေ့ထပ်တွေ့ရင် အဲ့အကောင်ကိုငါ ပါးရိုက်မိတော့မယ် "

စက်ဘီးကလေးဖြင့် တီတီ တာတာ သီချင်းလေးများဆိုပြီး သိမ့်ထွက်လာခဲ့သည်

ထိုစဥ်

"ဗြောက် "

"ဟာကွာ ကျူရှင် နောက်ကျရတဲ့ကြားထဲ စက်ဘီးချိန်းပျက်တယ်တဲ့ တောက်စ်! "

"၀ေ့ ဟိုကလေးမ ဘာတွေဒေါသဖြစ်နေတာ"

"လာပြန်ပြီ ဒီသောက်ရူးး "

"ဟားဟား ဒီတခါတော့ လာမကြောင်ပါဘူးဗျာ စက်ဘီးချိန်းပျက်တာလား ကလေးမ "

"ဟုတ်တယ် နင်နဲ့ဘာဆိုင်လဲ အရူးရဲ့ "

"ဟုတ်ပါပြီဗျာ စတာပါဗျာ ကျွန်တော်ပြင်ပေးမလို့ပါ ဗျာ"

"နင်ပြင်တတ်လို့လား "

"ပြင်တတ်တာပေါ့ ကလေးမရဲ့ ဒါနဲ့ကလေးမအကို့ကိုအထင်လွှဲနေပြီ သိလား ဟိုတနေ့က အကိုက ကလေးမနောက်ကနေ လိုက်ချောင်းနေတဲ့သူရှိလို့ အကိုက စသလိုလုပ်လိုက်တာဗျာ ကလေးမ ကျူရှင်ဆင်းတော့ဟိုအကောင်ကရှိသေးတော့ စိတ်မချလို့ပါဗျာ "

"အယ် "

"ဒါကတော့ထားပါတော့ဗျာ ကလေးမမှမဟုတ်ဘူး တခြားသူဆိုရင်လည်း အကို့ကို ရူးနေတယ်ထင်မှာပဲ ဟုတ်တယ်မလား "

"ဟုတ်လောက်မယ် ထင်တာပဲ ဟဲဟဲ"

"ကဲ ရပြီ ပြင်ပြီးသွားပြီ အူကြောင်ကြောင်သိပ်မလုပ်နဲ့ "

"ဘယ်သူကလုပ်နေလို့လဲ အကိုရဲ့ ဘာဖြစ်ဖြစ် ကျေးဇူးပါ အကို"

"အဲ့ဆိုအကိုသွားပြီ ကလေးမလည်းသွားတော့လေ နောက်ကျနေအုန်းမယ် "

"ဟုတ် အကို ကျေးဇူးပါ "

-Renny -

Impossible loveWhere stories live. Discover now