31

3.1K 422 153
                                    

ဖြောင်းဖြူးနေတဲ့ လမ်းမကြီးရဲ့အလယ်မှာ
အဖြူရောင်
လမ်းမီးတိုင်တွေဟာ လှပစွာနေရာယူထားသလို လမ်းမကြီးရဲ့ဘေး တဖက်တချပ်ဆီမှာတော့ သူတို့ခြံမျိုးကဲ့သို့ အလားတူ ဂိတ်တံခါးအကြီးကြီးတွေရှိတဲ့ ခြံမျိုးတွေသူတွေ့နေရသည်။

သူဠေးက တကယ်ကို ချမ်းသာတယ်ထင်တယ်
အခုလို ခြံအကျယ်ကြီးတွေရှိတဲ့နေရာမှာ
နေနိုင်လိုလေ~~ ပြီးတော့ ဘွိုင်လာရော အဲယာကွန်းပါ ပါတဲ့ ကားကိုပိုင်တယ်လေ။

သူအခုစီးနေရတဲ့ကားကို အရမ်းသဘောကျတာပဲ ထိုင်ခုံတွေကအစ အိစက်နေတာ ဒီကားပေါ်မှာ
အိပ်လိုက်ရရင်တော့ ရှယ်ပဲ ခိခိ !!

"ဝါးး !!"

အဆင့်မြင့်
လူကူးကုံးကျော်တံတားတွေနဲ့အတူ အထပ်မြင့် အဆောက်အအုံတွေကို မြင်လိုက်ရတော့
ဆော့ဂျင် အံဩမူကို စိတ်ထဲမှာပင်မထိန်းနိုင်ဘဲ နှုတ်ကပါထွက်မိ‌တော့သည်။

" ဂျီဂျီရာ ဟိုမှာကြည့်စမ်း တိုက်အမြင့်ကြီးပဲ!!"

"သားတို့ ရေကူးသင်တန်းကအနားလေးမှာလေ !!"

"ဟုတ်လား!! "

ဂျီမင်းလေးကိုစကားလှည့်ပြောလိုက်
ပြတင်းပေါက်ကို ကပ်ကြည့်လိုက်နဲ့ ဆော့ဂျင်တယောက်အလုပ်များနေခဲ့လို အနောက်ကြည့်မှန်ကတဆင့် သူကိုကြည့်နေတဲ့သူ ရှိတာကို သတိမမူမိခဲ့။

~~

ဂျောင်ကု ကားပါကင်မှာ ကားကိုနေရာတကျ
ရပ်ပြီး ကားထဲကဆင်းလာတော့
ဂျီဂျီလေးဟာလည်း လိုက်ဆင်းလာခဲ့ချေပြီ

"မဆင်းဘဲ ဘာလုပ်နေတာလဲ?'

အခုထိ ကားထဲမှာရှိပြီး တံခါးကိုနည်းပေါင်းစုံနဲ့ဖွင့်နေတဲ့လူသားကို ပိတ်ငေါက်လိုက်တော့
ဂျီဂျီလေးဆင်းတဲ့တံခါးမှ အူတူတူဖြ့င့်ဆင်းလာသည်။

"ဪ!! ဆေးရုံကို
ကိုကိုက ဟိုတယ်ကြီးထင်နေတာ ဟီး ဟီး!!"

"ဒါ မီရယ်ဆေးရုံလေ ကိုကိုဆော့ဂျင်ရဲ့
သားတို့ jeon groupရဲ့ ရှယ်ယာတွေ အများကြီးပါတယ် ~~ဒါပေမယ့် သားတို့လာလည်း
ဆေးထိုး အပ်ကြီးတွေနဲ့ပဲ
အထိုးခံရတာမို့ သဘောမကျဘူး~~ဟွန့်
ဒါကြောင့် သားကြီးလာရင်
အစားအသောက် လုပ်ငန်းတွေမှာပဲ
ရှယ်ယာထည့်မှာ !!"

Same But Different ☑️ Complete Where stories live. Discover now