30

3.1K 401 79
                                    

နှာဖျားအဝမှာ တိုးဝှေ့နေသော ခပ်သင်းသင်းရနံ့တခု~~

သူထိုရနံ့ကိုသဘောကျပေမယ့် ဘာအနံ့ဆိုတာကို သဲသဲကွဲကွဲမသိ~~

ဒါကြောင့် မျက်ခွံတွေကို
အားယူပြီးဖွင့်ကာ ဘေးဘီကြည့်တော့ သူကိုသိုင်းဖက်ထားလျက် သူနဲ့အတူ ကုတင်ပေါ်မှာအိပ်နေတဲ့ ဂျီဂျီလေး။

တဖက်ကုတင်အနားမှာတော့ ကုတင်ပေါ်
လက်ခုကာ အိပ်
ပျော်နေသော သူအကြောက်ရဆုံး အနှီးလူသား  ဂျီဂျီလေးရဲ့ဦးလေး။

ထိုမြင်ကွင်းကြောင့် သူမှာ ထအော်မိမတက်လန့်သွားရသည်။   ဂျီဂျီဦးလေးက ဘယ်လိုလုပ်ပြီးသူ‌ဘေးမှာအိပ်‌ေနရတာလ‌ဲ~~

ပြီးတော့ သူကလည်း ဒီအခန်းထဲ ဘယ်လိုရောက်နေရတာလ‌ဲ?

တယောက်ထဲအတွေးတွေများနေရင်း
ယခုမှသိလိုက်ရသည်က  သဘောကျခဲ့သောအနံ့ဟာ ထိုလူသားဆီမှရနေခြင်းပင်။။

အင်းး~~
သဘောကျလိုက်တာ~~။

တခြမ်းစောင်းပြီးအိပ်နေသည့်အတွက်
ထင်း‌နေအောင်ပေါ်နေသော မေးရိုး ~

ချွန်သည်ထင်ရပေမယ့် အဆုံးသတ်မှာ ပွယောင်းသလိုရှိနေသည့် နှာတံလှလှ~~

ပီရီသေသပ်စွာရှိနေသည့် နှုတ်ခမ်းသားတွေက အနည်းငယ်ဟကာ သွားလေးတွေ မသိမသာပေါ်စေသည်အထိ ထိုလူသားဟာ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲါသည်။

အမြဲတမ်းလိုလို တောက်ပပြီး စူးရှနေတဲ့
မျက်တန်းတစ်စုံဟာလည်း ပိတ်လျက်သားရှိနေသည်မို့ သူကြောက်စိတ်ကင်းစွာဖြင့် ထိုလူသားမျက်နှာကို ထိတွေ့မိသွားခဲ့သည်။

ထိုသို့လုပ်ရခြင်း၏
အကြောင်းအရင်းကိုတော့ သူသေချာမသိ။

"သူဠေး က ချောလိုက်တာ~~"

စိတ်ထဲမှထွက်ပေါ်လာသည့်စကားစုကို

နှုတ်ကမသဲမကွဲရေရွတ်မိလိုက်အပြီး~~
အတွေးတချို့က ခေါင်းထဲဝင်လာလို လက်ချောင်းလေးတွေကို ပြန်ရုတ်လိုက်ကာ။

"ပြီးတော့~~ ကြောက်ဖို့~လည်း
ကောင်းတယ် ~~"

အာတွေကွဲမတက် ရေငတ်လာခဲ့လို သူကိုယ်ကို ဖက်ထားတဲ့ ဂျီဂျီလေးလက်ကိုဖွဖွ‌ေ‌ေလးဖယ်လိုက်သလို အသံမကြားအောင်
ကုတင်ပေါ်မှာဆင်းသညါ။ အခန်းတံခါးကို
လည်း ဖြေးဖြေးခြင်းပိတ်ကာအောက်ထပ်ကို
ဆင်းလာမိချိန် သူကို စိုက်ကြည့်နေတဲ့ မျက်လုံးတွေ။

Same But Different ☑️ Complete Where stories live. Discover now