ညဘက်မှာ ခဲယ်လ်တစ်နဲ့ပိုင်မုတို့က အန်းချီလော့အိပ်ပျော်သွားပြီးနောက် နေရာလွတ်ထဲကို ခိုးဝင်ခဲ့ကြပြီး နေ့လည်ပိုင်းက ရိတ်သိမ်းပြီးနောက် လွတ်နေတဲ့ မြေအားလုံးကို သူတို့ စိုက်ပျိုးချင်ခဲ့ကြတယ်။

နောက်တစ်နေ့ရောက်တော့ ပိုင်မုက နံနက်စောစောမှာ သကြားကို စချက်ခဲ့ပြီး အန်းချီလော့က ပိုင်မု သကြားချက်နေတာကို  အာရုံထွေပြားစွာနဲ့  ကြည့်နေခဲ့ကာ အစိမ်းရောင်စပျစ်နွယ်ပင်တွေကို ပြုတ်နေခဲ့တယ်။

"ကြီးမြတ်တဲ့စုန်းမ ဒီတစ်ကြိမ်ဆင်းသက် လာတဲ့ ဘုရားသခင်တမန်တော်က ဒဏ္ဍာရီ ထဲက အရင်တုန်းကလာတဲ့သူတွေထက် ပိုစွမ်းအားကြီးပုံပေါ်တယ်" ကြီးမြတ်တဲ့စုန်းမရဲ့ဂူထဲမှာ မျိုးနွယ်စုခေါင်းဆောင်နဲ့ ကြီးမြတ်တဲ့စုန်းမတို့က မျက်နှာချင်းဆိုင် ထိုင် နေကြတယ်။ မျိုးနွယ်စုခေါင်းဆောင်ရဲ့မျက်နှာက အပြုံးတွေ ပြည့်နှက်နေပြီး ပိုင်မုယူပြန်လာပေးတဲ့အရာအတွက် သူအရမ်းကျေနပ်နေတာကို တွေ့မြင်နိုင်တယ်။" သူ က မျိုးနွယ်စုထဲက လူတွေကို အသား တွေကို ကြာရှည်စွာ ဘယ်လိုထိန်းသိမ်းထားရမလဲဆိုတာ သင်ပေးတယ်  တစ်ခုထက်‌တောင် မကပါဘူး သူက အရမ်းအသုံး၀င်တဲ့အရာ တွေလည်း အများကြီးပြုလုပ်ခဲ့တယ် သူက လူတိုင်းကို နောက်ဘာတွေလုပ်ဖို့ သင်ပေးဦး မလဲဆိုတာကို စောင့်စားနေမိပြီ"

"မျိုးနွယ်စုခေါင်းဆောင် ပိုင်မုက သာမန် ဘုရားသခင်တမန်တော် မဟုတ်ပါဘူး၊ သူက ကြီးမြတ်တဲ့ နတ်ဘုရားရဲ့ ချစ်လှစွာသော အချစ်ကလေး ဖြစ်တယ် " ကြီးမြတ်တဲ့စုန်းမက မျိုးနွယ်စုခေါင်းဆောင်ကို လေးလေးနက်နက်ကြည့်လိုက်ပြီး အနည်းငယ်ဆန်းကြယ်စွာ ပြောခဲ့တယ်။

ဒီစကားကိုကြားတဲ့အခါ မျိုးနွယ်စုခေါင်းဆောင်က အရမ်းအံ့သြသွားပြီး မေးမြန်းလိုက်တယ် “ကြီးမြတ်တဲ့စုန်းမ အဲ့ဒါ တကယ်ပဲလား၊ ကြီးမြတ်တဲ့ဘုရားသခင်က ဗျာဒိတ်တော်ကို လွှတ်လိုက်တာလား” “ကိစ္စမရှိပါဘူး၊ ငါတို့က နတ်ဘုရားတမန်‌တော်ကို စောင့်ပြီး အစွမ်းကုန်ထိန်းသိမ်းထားဖို့ ကြိုးစားရမှာပဲ "မျိုးနွယ်စုခေါင်းဆောင်ကို တိကျတဲ့အဖြေတစ်ခုပေးခဲ့ပြီး ကြီးမြတ်တဲ့စုန်းမက ပြုံးခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now