ကားမှန်ကိုပိတ်ထားပြီး အထဲ၌လူရှိမှန်းမမြင်
နိင်တာမို့ အကိုဖြစ်သူရဲ့လှုပ်ရှားမူကို လက်
ပိုက်ပြီး ဘာဆက်လုပ်မလဲ ကြည့်နေလိုက်၏

နိူင်းရဲ့ကားဝင်လာထဲကချောင်းနေတဲ့ သူ့အ
နေနဲ့ မမြင်တစ်နေရာမှာရပ်ကြည့်နေရင်း နိူင်း
ကားထဲကဆင်းသွားတာ မြင်လိုက်ရပြီးတာနဲ့
ကားအနားကို တရွေ့ရွေ့ချည်းကပ်ကာ လက်
ထဲကအဆင့်သင့်ကိုင်ထားတဲ့ ပန်းစည်းကို
ကားမှန်တံခါး၌ ကပ်လိုက်လေသည်။

နိူင်းလေးသာ သူပေးတဲ့လက်ဆောင်ကိုမြင်ပြီး
သဘောကျသွားမည်ဆိုရင် တဖြည်းဖြည်းသူ
ကိုသတိထားလာနိင်ပေမည်မဟုတ်လား...သူ့
အတွေးနဲ့သူဟုတ်ရင်း ကြည်ကြည်နူးနူးပြုံး
ကာကျောင်းထဲသို့ဝင်သွားလေသည်။

တည်စေရာမိုင်ကတော့ အကိုဖြစ်သူရဲ့ရူး
ကြောင်ကြောင်လုပ်ရပ်တွေကို မျက်ခုံးတွန့်၍
ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး ခေါင်း
ခါလိုက်လေသည်။

ထိုစဥ်....ဖုန်းမြည်လာတာကြောင့် ကိုင်လိုက်
လေ၏။

"ဂိုဏ်းရဲ့တည်နေရာဆီလာခဲ့....မိတ်ဆက်ပေး
စရာတွေနဲ့ပွဲလေးတစ်ပွဲရှိတယ်"

ဂိုဏ်းဆီသိူ့လာရောက်ရန် ဒန်နီယယ်ကဖုန်း
ဆက်ပြီးအကြောင်းကြားတာဖြစ်ပြီး ပြန်၍စ
ကားပြန်ပေးမနေတော့ပဲ ဖုန်းပြန်ချကာ ကား
ကိုမောင်းထွက်လာလိုက်၏။

>>>>>>>>>>>

မြေအောက်ထိပ်တန်းဂိုဏ်းဟုနာမည်ကြီးနေ
တဲ့ Black Dragon ဂိုဏ်း...

ကာစီနိုဝိုင်းတွေနှင့် ထိုနေရာရဲ့အရှေ့ဘက်၌
မိန်းမပျိုတွေနှင့် လာရောက်ဆော့ကစားပျောိ
ပါးသူတွေနှင့်စည်ကားနေပြီး  ဂိုဏ်းသားတွေ
ရှိတဲ့နေရာကတော့ အနောက်ဘက်တွင်ဖြစ်
လေ၏။

သူကိုလာရောက်ပွတ်သပ်လာသည့် အမြင်ခပ်
ရိုင်းရိုင်းဝတ်ဆင်ထားသည့် မိန်းမတွေကိုပြန်
ဖယ်ထုတ်ကာ နေရာအနှံကိုအကဲခတ်လိုက်၏

တည်စေရာမိုင်ဝင်လာလိုက်တာနှင့် သူလာ
မည်ဆိုတာကိုစောင့်နေသည့် ဂိုဏ်းသားအ
စောင့်တစ်ဦးက ဦးဆောင်ကာ အနောက်ဘက်
သို့ခေါ်လာလိုက်၏။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now