part 6

7.6K 586 15
                                    

တစ်ပတ်အကြာတွင်တော့ တိုရှည်တစ်ယောက်
စံအိမ်တစ်ခုလုံးကလူတွေနှင့်ရင်းနှီးနေပြီဖြစ်
သည်။သို့ပေမယ့် သူနဲ့ယခုတိုင်အပေါင်လမ်း
မတည့်တာကတော့ သခင်မကြီးဒေါ်ရူပါနှင့်ပင်။

" ဟဲ့ ဟဲ့ မင်းရဲ့ငါးကြော်ကတူးကုန်တော့မယ်"

" မတူးပါဘူး အန်တီကလဲ အထဲမဝင်လာနဲ့
သားဘာသားကြော်တတ်တယ် "

" အောင်မာ ငါ့အိမ်ငါသွားချင်တဲ့နေရာသွားမှာ
ပေါ့မင်းအလုပ်လား"

"ဒါဆိုလဲ သားကိုမပြောနဲ့လေ "

" မင်း...မင်း"

ဦးမင်းမောင်တစ်ယောက် မီးဖိုခန်းထဲက
မတေယ်ရသေးတဲ့သားမတ်နဲ့မိန်းမဖြစ်သူ
စကားနိုင်လုပွဲကြောင့်ကြိတ်ခွီးနေသည်။

နာရီဝက်အကြာ

" ငါးကြော်လဲရပြီး ကန်စွန်းကွက်ချဉ်ရည်လဲရ
ပြီး ငပိကလဲအဆင်သင့် ထမင်းချိုင့်ပြင်ပြီး
မောင့်နောက်လိုက်သွားရမယ် "

ထိုစကားကြောင့် ဒေါ်ရူပါက

"ဟဲ့..ငါ့သားကုမ္ပဏီကိုမလိုက်သွားနဲ့
မင်းပုံစံနဲ့ဆိုငါ့သားသိက္ခာကျမယ်"

" ဒီမှာ အဒေါ်ကြီး သားကဘာဖြစ်လို့တုန်း
ခြေထောက်လေးတိုနေတာဘယ်သူ့ထိခိုက်
လို့လဲ ဟွန့် မောင်ကသားတွက်ဖိနပ်ထဲခံဝတ်တဲ့
ဖော့လေးတွေဝယ်ထားပေးပါတယ်နော်
အဲ့ဒါသာဝတ်လိုက်ရင်သားကလူကောင်းဘဲ"

"ငါ့ကိုတစ်ခွန်းမကျန်ပြန်ပြောတယ်ပေါ့ မင်း
နာတော့မယ်"

" မကြောက်ဘူး ဗလက်ဗလက်"

"တယ် ဒီကောင်လေးကတော့ ငါလုပ်လိုက်ရ"

ထမင်းစားခန်းဝက မမမင်းမောင်က

" မာမီ သမီးဘဲ အိုးကိုခေါ်သွားလိုက်မယ် "

" ပြီးတာဘဲဟေ နင်တို့သဘော ငါ့စကားဆို
ဘယ်သူမှနားမထောင်ကြဘူး လုပ်ချင်တာ
လုပ်ကြ"

ဒေါ်ရူပါထွက်သွားမှ အိုးကချိုင့်ဆွဲကာ မမ
နောက်သို့လိုက်လာခဲ့သည်။လမ်းတွင်...

"ဝါးး....တိုက်ကြီးကအမြင့်ကြီးဘဲ "

" ကိုကို ကပိတ်ရက်ကျရင်ရွှေတိဂုံလိုက်ပို့ပေး
မယ်တဲ့"

တိုရှည်/ တိုရှည် (Completed)Where stories live. Discover now