part 4

7.4K 643 15
                                    

မြင့်မြတ်မင်းမောင်တစ်ယောက် မနက်နိုးလာ
ချိန် အိုးကိုမတွေ့တာကြောင့်မျက်နှာသစ်ပြီး
ခြံထဲဆင်းလာလိုက်သည်။ထိုချိန် သူကြီးတပည့်
ဇီးသီးကအပြေးရောက်လာကာ သူကြီးခေါ်ခိုင်း
သည်ဆိုတာကြောင့် လိုက်သွားလိုက်သည်။
ခြံထဲဝင်ဝင်ခြင်းတွင် မြင့်မြတ်မင်းမောင်တစ်
ယောက်ပါးစပ်အဟောင်းသားဖြစ်သွားရသည်
က အိုးတစ်ယောက်မိန်းမနှစ်ယောက်၏
ဆံပင်ကို ခေါင်းကျွတ်မတက်ဆွဲထားတာ
ကြောင့်ဖြစ်သည်။

" မောင်ရင် လာလာဒီမှာ တိုရှည်ကိုပြောပါအုံး
မလွှတ်ဘူးဖြစ်နေတယ်"

" အိုး ကလေးလေး လွှတ်လိုက်လေ"

"မလွှတ်ဘူး သူတို့က စားစရာရှိတာမစားဘဲ
သူများအကြောင်းပြောနေတာ စိတ်ဆိုးတယ်
အိုး စိတ်ဆိုးတယ်လို့!"

" အား နာနေပြီး ဟဲ့ကောင်ငါတို့ဆံပင်ကိုလွှတ်
စမ်း ဒုက္ခိတ ကောင်ရဲ့!"

မြင့်မြတ်မင်းမောင်တစ်ယောက် ထိုမိန်းမစီက
ထွက်လာသည့်ဒုက္ခိတဆိုသည့်စကားကြောင့်
ဒေါသထွက်ကာသူမ သတိမေ့စေရန် ဂုတ်အား
ရိုက်ချလိုက်သည်။

သူကြီး နဲ့ ဇီးသီး - 😯

" မောင် သူ..သူဘာဖြစ်သွားတာလဲ သေသွား
ပြီးလား"

"မသေဘူးမေ့သွားတာ ဟိုတစ်ယောက်ကိုလဲ
လွှတ်လိုက် အခုဘာဖြစ်လာလဲကိုယ့်ကိုပြော"

ထိုခါမှအိုးလဲလွှတ်ပေးလိုက်ပြီး ဆူပုတ်ကာ...

" သားကမောင်နိုးလာရင်စားဖို့ဒေါ်တရုတ်မ
ဆိုင်မှာမုန့်သွားဝယ်တာ အဲ့ဒါကိုသူတို့ကသားကိုပြောတယ် သားကမောင့်ကိုမြူစွယ်နေတာတဲ့
စစချင်းသားကစိတ်ထိန်းပါတယ် သူတို့ကထပ်
ပြီးသားကအခြောက်နှစ်ယောက်ကမွေးတဲ့သားမို့အခြောက်ဘဲဆိုပြီးပြောလို့ သားကသားက
ရေနွေးကြမ်းခွက်နဲ့ထုလိုက်တာ သားမှားလား
ဟင်မောင်"

အိုးရဲ့စကားကြောင့် မျက်နှာအမျိုးမျိုးပြောင်းလဲ
နေတဲ့ မြင့်မြတ်မင်းမောင်က သားမှားလားဟင်
မောင်ဆိုတဲ့စကားကြောင့် အိုးရဲ့လက်လေးကိုကိုင်ကာ...

"အိုးမမှားဘူး.အိုးမှန်တယ် "

"နော် သားမှန်တယ် "

တိုရှည်/ တိုရှည် (Completed)Where stories live. Discover now