အခန်း (1485 - 1486)

Start from the beginning
                                    

“ မင်း ဒီအနားကို မလာရင် ကိုယ်လည်း ခုန်မချပါဘူး အဲ့တာကြောင့် မင်း ကြောက်စရာလည်း မလိုဘူး။ လေပြင်းတွေ ပြန်မတိုက်လာခင် မြန်မြန်ထွက်သွားပါ” ဂရက်ဂိုရီ၏ အသံက တုန်ယင်နေသလို တောင်းပန်သည့်လေသံဖြင့်ပါ ပြောနေတော့သည်။

ဂူမန်မန်က ခေါင်းယမ်းပြကာ ပြန်ဖြေလိုက်သည်

“ ရှင်လည်း ကျမနဲ့အတူတူ သွားသင့်တယ်။ လေပြင်းတွေ ပြန်တိုက်မလာခင် ရှင်နဲ့ကျမ အတူတူ ထွက်သွားရအောင်။ ကျမ ရှင့်ကို ပြန်ပြီး သဘောကျဖို့အတွက် အမြဲတမ်း စောင့်နေခဲ့တာမဟုတ်လား။ ကျမ ရှင့်ကို သဘောကျတယ် ဟုတ်ပြီလား။

ကျမနဲ့အတူတူထွက်သွားရင် ရှေ့လျှောက် ကျမ ရှင့်ကို သေချာပေါက် သဘောကျပေးမှာဖြစ်သလို ဒီထက် ပိုပြီးတော့လည်း ကောင်းကောင်း ဆက်ဆံပေးမယ်။ ကျမနဲ့အတူတူ ထွက်သွားရအောင်ပါ….ကျမ တောင်းပန်နေတာပါ….”

ဂရက်ဂိုရီက အသက်ပြင်းပြင်း ရှူသွင်းကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်

“ ကိုယ် အရင်တုန်းကလည်း ပြောဖူးပါတယ်။ မင်း သနားလာဖို့အတွက် ကိုယ့်ရဲ့သနားစရာကောင်းတဲ့ ပုံစံကို မပြချင်ဘူးလို့….အဲ့တာကြောင့် အခုလိုအချိန်မျိုးမှာမှ ကိုယ့်ကို သဘောကျတယ်ဆိုတာမျိုး မပြောပါနဲ့။ ကိုယ့်ရဲ့နောက်ဆုံးကျန်ရှိတဲ့ မာနလေးကိုတော့ ထိန်းသိမ်းခွင့်ပေးပါကွာ နော်”

“ ဟင့်အင်း မရဘူး….အဲ့ဒီမာနက ဘာတွေများ အဲ့လောက်ထိ ထိုက်တန်နေလို့လဲ” ဂူမန်မန် အားမရတော့သည့်အတွက် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုမိသည်။

“ ရှင် ကျမနဲ့အတူတူ ထွက်သွားသ၍ ကျမက ဂုဏ်သိက္ခာတို့ မာနတို့ မလိုအပ်တော့ဘူး။ ရှင့်ကို  အကုန်ပေးမှာမလို့ ကျမနဲ့ အတူတူသွားရအောင်ပါ”

မော့တိုတောင်လိုနေရာမျိုးမှာ တောင်ပံ မရှိတော့တဲ့အပြင် ဒဏ်ရာပြင်းထန်စွာ ရနေသော ဂရက်ဂိုရီကို တစ်ယောက်ထဲ ထားခဲ့ပါက ဘာတွေဖြစ်လာနိုင်လဲဆိုတာကို အတိအကျ ခန့်မှန်းလို့ရသည်။

ဂူမန်မန်က စနိတ်ခ်ကို သေစေခဲ့ပြီ ဖြစ်သည့်အတွက် ဂရက်ဂိုရီကို ဒီလိုမျိုးထပ်ပြီး မဖြစ်စေချင်တော့ပေ။

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now