"ဟို~~ဧည်သည် ~~ဧည်သည်
ဆိုင်ပိတ်နေပြီမို့~~""အာ ဟုတ်လား? တောင်းပန်ပါတယ်!!"
ဆိုင်ပိတ်ချိန်ကျော်လွန်သည်အထိ သောက်နေသော ဧည်သည်ဖြစ်သူကြောင့် ပခုံးကို ခပ်ဖွဖွ ပုတ်ရင်းသတိပေးမိတော့ တရိုသတေဖြင့်
တောင်းပန်လာသည်။မူးနေတာတောင် ယဉ်ကျေးမူရှိလှတဲ့ အနှီးလူသားဟာ ကျသင့်ငွေကို ရှင်းပြီး ဆိုင်ထဲမှ
ထွက်ရန်ပြင်ပေမယ့် မူမမှန်သော ခြေလှမ်းတွေနဲ့အတူ ဆိုင်ဝမှာ ပစ်လဲနေတော့သည်။"ဧည်သည်!! ဧည်သည်!!"
ဧည်သည်တွေရော ၊ တခြားဝန်ထမ်းတွေ
ပြန်ကုန်ပြီးဖြစ်သညါ။ သူလည်း
ဆိုင်မှာညအိပ်သည်မို့ ယခုချိန်ထိရှိနေခြင်းပင်။ဒါကြောင့်
သူသာ မထူလျှင် ပြန်ထမည်ပုံမပေါ်သည် အနှီးအမူးသမားအား ထူပေးမိတော့ နှုတ်မှ ရေရွတ်နေသည်စကားသံတချို့ကိုကြားလိုက် ရသညါ။~~ဘယ်တွေရောက်နေတာလဲ ဆော့ဂျင်ရယါ~~~ကိုယ်ကိုထားပြီး
ဘယ်တွေများသွားလိုက်တာလဲ ဆော့ဂျင်ရယ်~~အဟင့်~'ဒီမှာ ဧည်သည် ကိုယ်ရောက်နေတဲ့နေရာလေးကို အရင်ဆုံး သတိရှိပါအုန်းး!!"
သူဘယ်လောက်ပြောပြော သတိပြန်မကပ်လာသည်အပြင် ရေရွတ်နေသည်စကားကိုသာထပ်ခါတလဲလဲ ရေရွတ်နေသည်မို့
ဆိုင်ပေါက်ပိတ်နေသည်ထိုအနှီးလူသား ကိုသာ ပွေ့ချီလိုက်ရသည်။"အသဲကွဲသမားကြီးက ထင်ထားတာထက်ပေါ့သားပဲ!!
~~ဟို ကျတော်တို့ ဆော့ဂျင်ကို တွေ့မိလားဟင်~~
အလုပ်သမားနားနေခန်းရှိရာသို့ ထိုအမူးသမားလေးကို ခေါ်လာတုန်း ရုတ်တရက်ထ
မေးလာတဲ့ လူသားကြောင့် ခေါင်းသာခါပြမိလိုက်တော့။~~ ဘာလို့ မသိရတာလဲဗျာ~~
ကျတော်ရဲ့ဆော့ဂျင်ကို~~"ဆော့ဂျင်ကိုရော ဆော့မင်ကိုရောမသိချင်ဘူး
အခုသိချင်နေတာ ခင်ဗျားနမည် နဲ့အိမ်လိပ်စာ!! မဟုတ်ရင် ဖုန်း password!!"အနှီးလူသားအမူးသမားအား အိမ်ပြန်ပို့ပြီးမှ သူလည်း ဆိုင်သန့်ရှင်းရေးနဲ့အတူ သူနေသည့်အခန်းလေးကိုပါ သန့်ရှင်းရေး
လုပ်ရအုန်းမည်မို့
ခပ်သွက်သွက်မေးမိသည်။
YOU ARE READING
Same But Different ☑️ Complete
Fanfictionမင်းကသူမဟုတ်မှန်းသိပေမယ့် ကိုယ်အနားက ထွက်သွားခွင့် မပြုနိုင်ခဲ့ဘူး ၊ မင်းကို သူထက်ပို ချစ်သွားလိုထင်ပါရဲ့ ။