• 2 •

377 63 4
                                    

Unicode Version

ဘယ်လိုပြောရမလဲ စွဲဆောင်မှုရှိတာ?မဟုတ်သေးဘူး ချစ်ဖို့ကောင်းတာ?သေချာတာတော့ ပျားရည်လိုမျိုး မျက်ဝန်းညိုနက်နက်လေးတွေက ကိုယ့်အတွက်စိတ်ဝင်စားစရာကောင်းနေတာ အမှန်ပဲ။ တစ်ခုခုကိုအာရုံစိုက်လိုက်တိုင်း ဆူထော်လာတတ်တဲ့ နှုတ်ခမ်းချွန်လေးတွေ၊ အပြင်ပန်းကြည့်ရင်တောင် အိစင်းနေမယ်ဆိုတာ သိသာတဲ့ ဆံပင်အုပ်အုပ်လေး၊ ညိုစိမ့်စိမ့်ပါးပြင်ပေါ်က မှည့်နက်လေးတွေ အင်း...လှတယ်။

" မင်ဟျောင်း "

" ဟင်...ခင်ဗျာ?"

ကော်ရစ်တာဘက်ကဖြတ်လျှောက်လာရင်း အညိုရောင်လေးကို အမှတ်တမဲ့‌တွေ့လိုက်ရတဲ့အချိန်နဲ့ ကိုယ့်ကို အလုပ်တွေတပုံတပင်ပေးလိုက်တဲ့ ပရော်ဖက်ဆာနဲ့တော့ အတော်ကိုအဆင်မပြေတာပါပဲ။

" ရုံးခန်းကိုမရောက်သေးတာနဲ့ ကြာနေလို့လာကြည့်တာ မင်းကဒီမှာ ဘာရပ်လုပ်နေတာလဲ "

ပရော်ဖက်ဆာရဲ့ အသံကျယ်ကျယ်မေးမြန်းသံအဆုံးမှာ အခန်းထဲက ဂျူနီယာကျောင်းသားတွေက စာလိုက်မှတ်နေရာကနေ ကော်ရစ်တာဘက်ကို အာရုံရောက်လာကြတယ်။ ကိုယ်ငေးကြည့်ခဲ့တဲ့ ကောင်လေးအပါအဝင်ပေါ့။

" ဘာမှမလုပ်ပါဘူး ဒီအတိုင်းသင်နေတဲ့ သင်ခန်းစာက စိတ်ဝင်စားဖို့ကောင်းလို့ "

ယုံစရာတစ်ကွက်မှမရှိပေမယ့် ပါးစပ်ထဲရှိရာအကြောင်းပြချက်တစ်ခုပေးလိုက်ပြီး အရှက်ပြေချောင်းဟန့်ရင်း ရုံးခန်းဘက်ကိုခပ်မြန်မြန်လျှောက်လာခဲ့တယ်။ ယုံချင်စရာမကောင်းတဲ့ ကိုယ့်အကြောင်းပြချက်အပေါ် ပရော်ဖက်ဆာက ထပ်ပြီးမေးခွန်းထုတ်နေရင် ပြဿနာပဲလေ။

ခပ်သွက်သွက်လှည့်ထွက်လာခဲ့တဲ့ကြားကနေ ကိုယ့်ရဲ့ခေါင်းက အညိုရောင်လေးကိုလှည့်ကြည့်မိသွားပါသေးတယ်။ ကောင်လေးကတော့ ကိုယ့်ရဲ့အဖြစ်ကိုကြည့်ရင်း ခပ်ပြုံးပြုံးနဲ့ရယ်လေတယ်။

ကိုယ့်မှာ ကောင်လေးရဲ့ပြုံးရယ်နေမှုအပေါ် ကျေနပ်မှုပေါင်းများစွာနဲ့ လှည့်ထွက်လာရတာပါပဲ။ အပြုံးတွေက ကိုယ့်ကြောင့်ဖြစ်တည်လာခဲ့တာမလား။

Restore The 90sOnde histórias criam vida. Descubra agora