" အင်းးးး ရတယ်လေ ကိုကြီးမှမအားပဲ "

" စိတ်အေးအေးထားဖြေနော်မရတာတေရှိလည်းအရမ်း
မစဉ်းစားနဲ့ ကျော်သာထားခဲ့ ကိစ္စမရှိဘူးငယ်​လေး "

ကင်ဆော့ဂျင်တို့ မျက်ရည်တောင်ဝဲချင်သွားပြီ
သူ့ကိုကြီးရဲ့လက်အားဆွဲရမ်းပြီး ပခုံးပေါ်ကို
ခေါင်းလုံးလုံးနဲ့တိုးဝှေ့ရင်း

" ကိုကြီးက အကောင်းဆုံးပဲ အာဘွား "

ကင်နမ်ဂျွန်း " ...... "

" အဟမ်း...နောက်ကျနေလိမ့်မယ် သွားရအောင် "

" အမ်း.....bye ကိုကြီး "

နမ်ဂျွန်း ကားပေါ်ရောက်ကတည်းက တစ်ဖက်ကိုမျက်နှာ
လှည့်ပြီးငြိမ်နေတဲ့ပေါက်စအားမျက်လုံးထောင့်ကနေ
မြင်နေရသည် နှုတ်ခမ်းထော်နေတာများဘဲတောင်အရှုံးပေး
ရတော့မယ် နမ်ဂျွန်းလည်း သူ့ဟာသူကောက်ချိတ်နေတဲ့
တစ်စုံတစ်ယောက်အားပစ်ထားလို့ လုပ်ငန်းစာရွက်တေကို
ပဲစစ်နေလိုက်တော့သည်

တစ်ဖက်ကကင်ဆော့ဂျင်မှာတော့ ပိုလို့တောင်မှုန်ကုတ်ပြီး
နှုတ်ခမ်းတေဆူထော်လာရသည်

' ဘာသဘောလဲ စောစောစီးစီးအိမ်ကိုရောက်လာပြီး
ကျောင်းကိုလိုက်ပို့ပေးတယ် ဘာမှလည်းမပြောဘူး
ဟိုကိစ္စကိုလည်းမတောင်းပန်ဘူး ဒီဘဲကြီးဘာအကွက်တေ
ရွှေ့နေတာလဲအမှန်တကယ်ဆိုတောင်းပန်ရမယ်
ချော့ရမယ်လေ စိတ်ဆိုးသွားလားမဆိုးနဲ့ဘာညာပေါ့
အချော့ခံချင်လို့မဟုတ်ဘူးနော်ဖြစ်သင့်ဖြစ်ထိုက်တာကို
ပြောပြတာအဟမ်း.....

" စာတေရပြီမလား "

" မရဘူး "

" သြော်....ဒီနှစ်လည်းကျအုံးမှာပေါ့ "

" ခင်များ ပါးစပ်ပုတ်ကြီးနဲ့သူများကိုစော်ကားရလား "

ကင်ဆော့ဂျင်ရဲ့စကားကြောင့် ရှေ့ခုံက ဘော်ဒီဂတ်နှစ်
ယောက်မှာတော့ အလန့်တကြားတေဖြစ်ကုန်ရသည်
နောက်ကြည့်မှန်ကနေသူတို့ရဲ့ဘောစ်ကိုကြည့်ပြီးတဲ့
နောက်မှာတော့ပိုလို့တောင်လန့်သွားကြသည်
စိတ်တိုနေရမဲ့ဥက္ကဌကြီးက နှုတ်ခမ်းတေကော့တက်လို့
ပြုံးပြုံးကြီး whattt!!!!!

Dear Uncle Joon حيث تعيش القصص. اكتشف الآن