"ဒီနားကလေတိုက်တယ်နော်......၊"

ပုံမှန်စကားလုံးမျိုးနဲ့စကားစလာပြီး ဒါလီဘေးမှာဝင်ရပ်သဖြင့် တစ်ခုခုပြောစရာရှိနေမှန်း သဘောပေါက်လိုက်သည်။

"မကြာခင်လက်ထပ်တော့မယ် အစ်မကြီးကဘာတွေများ လွမ်းဆွေးနေပါလိမ့်......၊"

မထိတထိခနဲ့လိုက်လေသော ဉာဏ်လင်းရဲ့စကားကြောင့် ဒါလီပြုံးလိုက်မိပါသည်။

"မင်းပြောချင်တဲ့စကားကိုတည့်တည့်ပြော........၊"

"အစ်ကိုဟိန်းသန့်ကို ကိုတကယ်ဘဲချစ်သလား.......၊"

ဒီမေးခွန်းအတွက်အဖြေကတော့ အဆင်သင့်ရှိမနေခဲ့ပါ၊ ဆစ်ခနဲနာကျင်လှုပ်ခတ်သွားသော နှလုံးသားလေးကို ဥပက္ခာပြုရင်း သက်ပြင်းရှည်ကြီးကို‌လေးပင်စွာချလိုက်မိသည်။

"ကောင်းကင်ကိုကြည့်လိုက်စမ်း မောင်လေး......."

ဉာဏ်လင်းကဒါလီ့ကို မျက်မှောင်ကုပ်ကာတစ်ချက်ကြည့်ရင်း အဆုံးအစမရှိကျယ်ပြောလှသည့် ကောင်းကင်ကြီးကိုမော့ကြည့်လိုက်မိသည်။

"မျက်စိထဲအရင်မြင်တဲ့ကြယ်တစ်လုံးကို လက်ညှိုးထိုးပြ....."

ဒါလီအောင်တစ်ယောက် ရူးသွားပြီဟူသောအကြည့်မျိုးနဲ့ ခပ်တွေတွေကြည့်ရင်း မျက်စိထဲမြင်မိမြင်ရာ အရောင်တောက်တောက် ကြယ်တစ်လုံးကိုလက်ညှိုးထိုးပြလိုက်သည်။

ဒါလီအောင်ကတော့ လှစ်ခနဲပြုံးလိုက်သည်။

"တွေ့လား....၊ ထင်ရှားတောက်ပတဲ့ကြယ်ပွင့်ကလေးတွေနဲ့တွေ့ရင် အရောင်မှိန်မှိန်နဲ့ကြယ်လေးတွေဟာ ရှိမှန်းမသိအာရုံစိုက်မခံရဘဲ မှေးမှိန်သွားကြရတယ်.......။

အဲ့လိုပါဘဲဉာဏ်လင်း......၊ သိပ်ကိုကြီးမားနဲ့ချစ်ခြင်းမေတ္တာနဲ့ ယှဉ်လိုက်ရင် သေးငယ်ပျောက်ကွယ်သွားရတဲ့ မထင်မရှားချစ်ခြင်းတွေက တည်ရှိနေပေမယ့် အရေးမပါဘူး......။"

ထိုအခါဉာဏ်လင်းသည်အလိုက်တသိ အကြည့်လွှဲရင်းတိတ်ဆိတ်နေလိုက်သည်။ ဉာဏ်လင်းသိတဲ့ဒါလီအောင်ဆိုတာက တစ်စုံတစ်ယောက်ကို မေတ္တာမပါဘဲလက်ထပ်ဖို့ စိတ်ကူးထဲတောင်မထည့်တဲ့သူမျိုးလေ.....၊

ကျေးဇူးပဲမေရယ်Where stories live. Discover now