Part 9💕Unicode

Start from the beginning
                                        

" ဟာ အဲလိုပြေါတာမဟုတ်ဘူး ကလေးလည်းအချစ်ဆီက ကြင်နာမှူတွေ နွေးထွေးမှုတွေ လိုချင်တာပေါ့ "

" မိုးက ခံစားချက်ကိုဖွင့်မပြတတ်ဘူး ရင်ထဲမှာ အမြဲရှိတယ် "
စိတ်ထဲကပြေါလိုက်တာတစ်ခုက ကလေးက လင်းဆီကဂရုစိုက်မှုတွေကိုတောင်သဘောကျနေပြီ ကြာရင်ငါကိုပါ မေ့သွားမလား ။

" သိပါပြီ ဒါဆိုလျော်ကြေးပေးရမယ် မလာတဲ့အတွက် "

" ဟင် ဘယ်လိုမျိုး ကလေးအမေမြင်သွားရင် မကောင်းဘူးနော် "

" မေမေ မရှိဘူး လာအိမ်ထဲသွားမယ် "

" ကလေးကအိမ်မှာတစ်ယောက်တည်းကို ခြံထဲဆင်းနေတယ်ပေါ့ သူစိမ်းတစ်ယောက်ယောက်လာရင်ဘယ်လိုလုပ်မလဲ
နောက်ဆို အိမ်ထဲမှာပဲနေ အမေမရှိရင်ပေါ့ "

" စိတ်ပူတယ်ပေါ့ စိတ်ပူရုံနဲ့မရဘူးနော် "

" ဟာ သွားကွာ ကလေးကလည်း "

" အမယ် အပျိြုကီး ရှက်နေတယ် မလုပ်ရဲဘူးပေါ့ "

" ဘာလို့မလုပ်ရဲရမှာလဲ စိန်ခေါ်တယ်ပေါ့ ပြီးမှနောင်တ မရနဲ့"

ဖြူပါးလေးကို လက်နဲ့ကိုင်ပြီး ပန်းနုရောင်သန်းနေတဲ့ နှုတ်ခမ်းဖူးဖူးလေးကို မိုး လျင်မြန်စွာ သူရဲ့ နှုတ်ခမ်းလေးနဲ့ ဆက်နွယ်လိုက်သည်။

ဖြူလည်း ရုတ်တရက် လန့်သွားတယ် " ငါပြေါတုံးက ပါးကိုပဲလက်ညှိုးထိုးခဲ့တာ အခုတော့ အချစ်က နှုတ်ခမ်းကိုမှ နမ်းရသလား ပထမဆုံးထိတွေ့ဖူးတော့ ဘယ်လိုများပါလိမ့် ရင်တွေတောင်ခုန်တယ် "

အသက်ရှူရခက်လာတော့ မိုးလည်း ပြန်ရုပ်သိမ်းလိုက်တော့သည်။ ဖြူကတော့ ကျောက်ရုပ်လို ရပ်လျက်ပဲ မကြုံဖူးတဲ့ အထိအတွေ့ကို တော်တော် အြံသမိနေသည်။

" အသက်လေးဘာလေးရှုူပါအုံး ကျောက်ရုပ်ကြီးအတိုင်းပဲ မိုးကို စိန်မခေါ်နဲ့ မှတ်ထား မလုပ်ရဲတာ မဟုတ်ဘူး မလုပ်ရက်ခဲ့တာ နောက်တစ်ခါဆို မိုးကို အထင်မသေးနဲ့ ပိုဆိုးမယ်မှတ် "

" ဟုတ်ဟုတ် "

" လာ မနက်စာ ဘာစားကြမလဲ "

" အချစ်ကိုပဲ စားချင်တာ "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now