" ဟာ ကြမ်းလှချီလား နင့်ကလေး ဆေးရုံတောင်ဆင်းလို့ရနေပြီ ခြေထောက်ကတော့ ကားတိုက်ခံရတဲ့အရှိန်နဲ့ ဒဏ်ကျန်အုံးမယ် ကျန်တာ အကုန်ကောင်းပါတယ် "
" ဒါဆို ခြေထောက်ကလမ်းလျောက်ရခက်နေမှာပေါ့နော် "
" နင်တွဲပေးလိုက်လေ "
" တွဲပေးမှာပေါ့ အဲအပြင် သူခြေထောက်လေးကို ဆေးပါလူးပေးမှာ စိတ်ချ "
" အေးပါ မနိုင်ဘူးတကယ်ပဲ တော်တော်လေးကိုပိုတယ် ငါ ဟိုဘက် သွား round ရအုံးမယ် သွားတော့မယ်နော် "
" အေးအေး "
x x x x x x
မနက်စောစော သာယာတဲ့ကောင်းကင်ကြီးနဲ့အတူ လေပြေလေညင်းလေးတွေ တိုက်ခတ်လို့လာသည် ။ သစ်ပင်တွေကလည်း စိမ်းစိုလျက် သစ်ရွက်လေးတွေအပေါ် မိုးရေစက်လေးတွေ တင်ကျန်ရစ်သည် ။
" ကလေး ဒီနားမှာ ဘာလုပ်နေတာလဲ "
" ဒီဘက်လှည့်ပါအုံး စိတ်ကောက်နေတာလား "
ဖြူမကြားချင်ယောင်ဆောင်ကာ ထွက်သွားရန် လှမ်းလိုက်သည်။ သို့ပေမယ့် မိုးကတော့ သွားခွင့်မပေးနိုင် ဖြူ ခါးလေးကို နောက်ကဖက်ကာ ဖြူကျောပြင်လေးမှာ မိုး ပါးပြင်လေးကို အပ်နှံလိုက်သည်။
" မိုး မလာနိုင်တာတောင်းပန်ပါတယ်နော် ကလေးကို အရမ်းတွေ့ချင်နေတာ "
" အပိုတွေပါ ဆေးရုံက ဆင်းတာတောင် ဘာလို့လာမကြည့်တာလဲ မချစ်တော့ဘူးလား "
" မချစ်လို့မဟုတ်ပါဘူး လင်းလည်းရှိနေတော့ မိုးလာဖို့မလိုအပ်တော့ဘူးထင်လို့ပါ ဒေါ်လေးကိစ်စကလည်းရှိနေတာလဲပါတယ် "
" ဘာလဲ အချစ်က ကလေးကို ဆရာမလင်းဆီမှာ ပုံအပ်ခဲ့တယ်ပေါ့ ကလေးတို့တူတူအကြာကြီးရှိနေတာကို သဝန်မတိုဘူးလား ညဆိုလည်း ဆရာမလင်းက ကလေးကုတင်ဘေးမှာတင် ထိုင်လျက်နဲ့ မှေးနေတာ ကလေးကိုလည်း အသေးစိတ်ကအစ ဂရုစိုက်ပေးတယ် ဒါပေမယ့် အချစ်မျက်နှာလေး မမြင်ရတော့မပျော်ဘူး ဒါတွေကိုအချစ်ဆီကပဲလိုချင်တာ "
" မိုးက အဲလိုဂရုစိုက်မပေးတတ်ဘူး သူကလုပ်ပေးနိုင်တယ်မလား သူနဲ့ပဲသွားနေလေ "
YOU ARE READING
စည်းကျော်ခဲ့သောချစ်ခြင်း
Short Story" တို့အတွက် တားမြစ်ထားတဲ့ တံတိုင်းတွေကို ဖြတ်ကျော်နိုင်မလား ဟင် "
Part 9💕Unicode
Start from the beginning
