Part 9💕Unicode

Start from the beginning
                                        

်" မစားတော့ပါဘူးနောက်ဆို သမီးအတွက် အကုန်အကျတွေမခံပါနဲ့ "

" ကလေးစိတ်ဆိုးသွားလား "

" မဟုတ်ပါဘူးဆရာမ အခုလို ဖြစ်တော့ ဝယ်ပေးလာရတဲ့ ဆရာမကိုလည်း အားနာလို့ပါ "

" အားမနာပါနဲ့ ပြုံးတော်မူပါအုံး အမတော်ရယ် ဘာလို့ မှိုင်တွေနေရတာလဲ "

" မစပါနဲ့ဆရာမရယ် မလုပ်သင့်များ လုပ်မိသလားလို့တွေးနေမိတာ "

" ဘာကို မလုပ်သင့်တာ ဖြစ်ရမှာလဲ "

" ဘာမှမဟုတ်တော့ပါဘူး ဆရာမ "

" သမီးမပြေါချင်လည်းရပါတယ် ဒါပေမယ့် ပျော်ရွင်အောင်နေပါနော် "

" ကြည်ပြါ ပါလား ငါကိုမှတ်မိလား "

" နင်ကဘယ်သူ ငါကိုလင်းလို့ပဲ ခေါ်ကြတာ ကြည်ပြါလို့ ခေါ်တယ်ဆိုရင်............ အော်မှတ်မြိပီ နင် ဝနကျော် မလား "

" တော်သေးတာပေါ့ နာမည်လေးမှတ်မိလို့ "

" ဒါ ငါ့ဆရာရဲ့ လူနာ ဆရာက ငါကိုလွဲထားတာမို့ လာကြည့်တာ "

" ဒါဆိုကလေးကိုသေချာလေးကြည့်ပေးပါ ကူညီပါနော် ဝန "

" အမယ် ဘယ်တော့မှ အောက်ကျို့မခံဖူးသူက အကူညီတွေတောင်းနေပါလား နင့်သမီးလား"

" မဟုတ်ပါဘူး ငါ့တပည့်ပါ "

" ငါတို့က နင်အိမ်ပြေါင်းသွားတည်းကမတွေ့တာ ၁၀နှစ်ကျော်ပြီးထင်တယ် အရင်တုံးက ငါကိုအမြဲရန်တွေ့တဲ့ ကလေးလေးက အခု သိမ်မွေ့တဲ့ဆရာမတောင်ဖြစ်နေတယ်ပေါ့ "

" အမယ် နင်ကျတော့ ငယ်ငယ်ကသွေးဆိုကြောက်ပြီး ဆရာဝန်လုပ်နေပါလား အခု ရန်မဖြစ်အားသေးဘူး ဖြူကို စောင့်ရှောက်ရအုံးမယ် နင်နဲ့အချိန်ကုန် မခံဘူး "

" တော်တော်ဖြစ်နေတယ်ပေါ့ နင်တပည့်မှ ဟုတ်ရဲ့လား "

" နင်နော် သေချင်နေပြီလား "

" သေလို့မရသေးဘူး နင်ရဲ့ ဖြူဆိုတဲ့ ကလေးကို ကုပေးရအုံးမယ် ဟားဟား "

" အဲတာတော့ဟုတ်တယ် ငါကလေးကိုသေချာကုနော် တစ််ခုခြုဖစ်ရင် နင်ကိုသတ်မှာ"

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now